UNSC ဆုံးျဖတ္ခ်က္ကို ဂုဏ္ျပဳ၍ တီဟီရန္တြင္ဟားမတ္စ္ႏွင့္ အစၥလမၼစ္ဂ်ီဟတ္ အႀကီးအကဲမ်ားေတြ႕ဆုံ
(နိုင္ငံတကာ) မတ္ ၂၈
ဟားမတ္စ္ အႀကီးအကဲ Ismail Haniyeh ႏွင့္ပါလက္စတိုင္း အစၥလာမၼစ္ ဂ်ီဟတ္ အၾကမ္းဖက္လႈပ္ရွားမႈ အေထြေထြအတြင္းေရးမႉး Ziyad al-Nakhala တို႔သည္ ကုလသမဂၢလုံျခဳံေရး ေကာင္စီမွဂါဇာ၌ အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုသည့္ ဆုံးျဖတ္ခ်က္ကို အတည္ျပဳၿပီး ေနာက္ရက္တြင္ အီရန္ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံရန္ တီဟီရန္သို႔ မတ္လ ၂၆ ရက္ေန႔က ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ဟားမတ္စ္ အႀကီးအကဲသည္ အီရန္ နိုင္ငံျခားေရး ဝန္ႀကီး Hossein Amir-Abdollahian ၊ အီရန္ ထိပ္တန္း ေခါင္းေဆာင္Ali Khamenei တို႔ႏွင့္ “ဂါဇာကမ္းေျမႇာင္ေဒသစစ္ပြဲႏွင့္ ဆက္ႏႊယ္သည့္ ဖြံ့ၿဖိဳးတိုးတက္မႈမ်ား၊ ပါလက္စတိုင္းကိစၥႏွင့္ ပတ္သက္သည့္ ေျပာင္းလဲမႈမ်ားအားလုံး ေဆြးေႏြးရန္” ေတြ႕ဆုံခဲ့သည္ဟု ဟားမတ္စ္၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဟားမတ္စ္ အႀကီးအကဲသည္ တနလၤာေန႔က အတည္ျပဳခဲ့ေသာ ကုလသမဂၢလုံျခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္ကို ဂုဏ္ျပဳကာအီရန္ နိုင္ငံျခားေရးဝန္ႀကီးႏွင့္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ၌ “အစၥေရးတို႔ သိမ္းပိုက္မႈတြင္ မၾကဳံစဖူး နိုင္ငံေရးအထီးက်န္မႈကို ျပသေနသည္”ဟု ေျပာၾကားခဲ့သည္။
ေအာက္တိုဘာ ၇ရက္ေန႔က အစုလိုက္အျပဳံလိုက္ သတ္ျဖတ္မႈအတြင္း ျပန္ေပးဆြဲခံရေသာအစၥေရးဓားစာခံမ်ားကို ခ်က္ျခင္း ႁခြင္းခ်က္မရွိလႊတ္ေပးရန္ ဟူေသာ ဆုံးျဖတ္ခ်က္၏ “ႁခြင္းခ်က္မရွိ” ေတာင္းဆိုခ်က္ကို ဟားမတ္စ္ေခါင္းေဆာင္က၎၏ လုပ္ေဆာင္မႈတြင္ လ်စ္လ်ဴရႈထားေၾကာင္း သိရွိရပါသည္။
ဟားမတ္စ္ အႀကီးအကဲက အစၥေရးတို႔သည္ ဂါဇာရွိ ၎တို႔၏နိုင္ငံေရးႏွင့္ စစ္ေရးရည္မွန္းခ်က္မ်ား မေအာင္ျမင္ခဲ့ေၾကာင္း။ “ကၽြန္ုပ္တို႔သည္ Al-Aqsa Flood တိုက္ပြဲ(ေအာက္တိုဘာ ၇ ရက္ လူသတ္ပြဲအတြက္ ဟားမတ္စ္၏ အမည္) တြင္ ဇီယြန္ဝါဒီအဖြဲ႕ႏွင့္ သမိုင္းဝင္ ပဋိပကၡ ျဖစ္ပြားေနေသာ သမိုင္းဝင္အလွည့္အေျပာင္းတစ္ခုမွာ သမိုင္းဝင္စင္ျမင့္ႏွင့္ ကံၾကမၼာအလွည့္အေျပာင္းတစ္ခုကို ျဖတ္သန္းေနသည္”ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ခါေမနီႏွင့္ ေတြ႕ဆုံမႈအတြင္း ခါေမနီကဟားမတ္စ္ႏွင့္ အျခားေသာ ပါလက္စတိုင္း အၾကမ္းဖက္အဖြဲ႕မ်ား၏ ဝါဒျဖန႔္မႈႏွင့္ မီဒီယာေဆာင္ရြက္မႈမ်ားကို ခ်ီးက်ဴးခဲ့ေၾကာင္း။ ဖယ္ရွား ရွင္းလင္းခံခဲ့ရေသာ ဟားမတ္စ္ ေခါင္းေဆာင္ Saleh al-Arouriႏွင့္ ပတ္သက္၍”ထူးခၽြန္ေသာ ကိုယ္ရည္ကိုယ္ေသြး”ရွိသူဟု ေခၚဆိုၿပီး ” အာဇာနည္အျဖစ္နဲ႔ ေပ်ာ္ရႊင္ဖြယ္အဆုံး သတ္သြားသည္” ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။
Haniyeh က ခါေမနီအား ” ဂါဇာစစ္ပြဲသည္ ကမၻာစစ္ျဖစ္ကာ အေမရိကန္အုပ္ခ်ဳပ္ေရးအဖြဲ႕သည္ ဇီယြန္နစ္ အစိုးရ၏စစ္ပြဲကို ဦးေဆာင္ တာဝန္ယူထားေသာေၾကာင့္ ဇီယြန္နစ္ရာဇဝတ္မႈ၏ အဓိက ႀကံရာပါ ျဖစ္သည္။” ဟု ေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။
မတ္လ ၂၆ ရက္ေန႔ အဂၤါေန႔က တီဟီရန္ၿမိဳ႕ရွိ Azadi အားကစားကြင္း၌က်င္းပသည့္ ပြဲတစ္ခုတြင္ Nakhala က “ကိုရမ္ ၊ အစၥလာမ္ႏွင့္ အီရန္တို႔၏ ပံ့ပိုးကူညီမႈ မ်ားေၾကာင့္ ပါလက္စတိုင္း နိုင္ငံသည္ အစၥေရးကို အနိုင္ယူလိမ့္မည္ ” ဟု အခိုင္အမာ ေျပာၾကားခဲ့ၿပီး အစၥလာမၼစ္ ဂ်ီဟတ္ ေခါင္းေဆာင္သည္ အဂၤါေန႔ ေႏွာင္းပိုင္းမွာ အီရန္ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ထားေၾကာင္း သိရသည္။
==========
UNSC ဆုံးဖြတ်ချက်ကို ဂုဏ်ပြု၍ တီဟီရန်တွင်ဟားမတ်စ်နှင့် အစ္စလမ္မစ်ဂျီဟတ် အကြီးအကဲများတွေ့ဆုံ
(နိုင်ငံတကာ) မတ် ၂၈
ဟားမတ်စ် အကြီးအကဲ Ismail Haniyeh နှင့်ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် အကြမ်းဖက်လှုပ်ရှားမှု အထွေထွေအတွင်းရေးမှူး Ziyad al-Nakhala တို့သည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှဂါဇာ၌ အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုပြီး နောက်ရက်တွင် အီရန်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် တီဟီရန်သို့ မတ်လ ၂၆ ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။
ဟားမတ်စ် အကြီးအကဲသည် အီရန် နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian ၊ အီရန် ထိပ်တန်း ခေါင်းဆောင်Ali Khamenei တို့နှင့် “ဂါဇာကမ်းမြှောင်ဒေသစစ်ပွဲနှင့် ဆက်နွှယ်သည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ပါလက်စတိုင်းကိစ္စနှင့် ပတ်သက်သည့် ပြောင်းလဲမှုများအားလုံး ဆွေးနွေးရန်” တွေ့ဆုံခဲ့သည်ဟု ဟားမတ်စ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟားမတ်စ် အကြီးအကဲသည် တနင်္လာနေ့က အတည်ပြုခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုကာအီရန် နိုင်ငံခြားရေးဝန်ကြီးနှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ “အစ္စရေးတို့ သိမ်းပိုက်မှုတွင် မကြုံစဖူး နိုင်ငံရေးအထီးကျန်မှုကို ပြသနေသည်”ဟု ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ရက်နေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ပြန်ပေးဆွဲခံရသောအစ္စရေးဓားစာခံများကို ချက်ခြင်း ခြွင်းချက်မရှိလွှတ်ပေးရန် ဟူသော ဆုံးဖြတ်ချက်၏ “ခြွင်းချက်မရှိ” တောင်းဆိုချက်ကို ဟားမတ်စ်ခေါင်းဆောင်က၎င်း၏ လုပ်ဆောင်မှုတွင် လျစ်လျူရှုထားကြောင်း သိရှိရပါသည်။
ဟားမတ်စ် အကြီးအကဲက အစ္စရေးတို့သည် ဂါဇာရှိ ၎င်းတို့၏နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်များ မအောင်မြင်ခဲ့ကြောင်း။ “ကျွန်ုပ်တို့သည် Al-Aqsa Flood တိုက်ပွဲ(အောက်တိုဘာ ၇ ရက် လူသတ်ပွဲအတွက် ဟားမတ်စ်၏ အမည်) တွင် ဇီယွန်ဝါဒီအဖွဲ့နှင့် သမိုင်းဝင် ပဋိပက္ခ ဖြစ်ပွားနေသော သမိုင်းဝင်အလှည့်အပြောင်းတစ်ခုမှာ သမိုင်းဝင်စင်မြင့်နှင့် ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို ဖြတ်သန်းနေသည်”ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ခါမေနီနှင့် တွေ့ဆုံမှုအတွင်း ခါမေနီကဟားမတ်စ်နှင့် အခြားသော ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်မှုနှင့် မီဒီယာဆောင်ရွက်မှုများကို ချီးကျူးခဲ့ကြောင်း။ ဖယ်ရှား ရှင်းလင်းခံခဲ့ရသော ဟားမတ်စ် ခေါင်းဆောင် Saleh al-Arouriနှင့် ပတ်သက်၍”ထူးချွန်သော ကိုယ်ရည်ကိုယ်သွေး”ရှိသူဟု ခေါ်ဆိုပြီး ” အာဇာနည်အဖြစ်နဲ့ ပျော်ရွှင်ဖွယ်အဆုံး သတ်သွားသည်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
Haniyeh က ခါမေနီအား ” ဂါဇာစစ်ပွဲသည် ကမ္ဘာစစ်ဖြစ်ကာ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့သည် ဇီယွန်နစ် အစိုးရ၏စစ်ပွဲကို ဦးဆောင် တာဝန်ယူထားသောကြောင့် ဇီယွန်နစ်ရာဇဝတ်မှု၏ အဓိက ကြံရာပါ ဖြစ်သည်။” ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
မတ်လ ၂၆ ရက်နေ့ အင်္ဂါနေ့က တီဟီရန်မြို့ရှိ Azadi အားကစားကွင်း၌ကျင်းပသည့် ပွဲတစ်ခုတွင် Nakhala က “ကိုရမ် ၊ အစ္စလာမ်နှင့် အီရန်တို့၏ ပံ့ပိုးကူညီမှု များကြောင့် ပါလက်စတိုင်း နိုင်ငံသည် အစ္စရေးကို အနိုင်ယူလိမ့်မည် ” ဟု အခိုင်အမာ ပြောကြားခဲ့ပြီး အစ္စလာမ္မစ် ဂျီဟတ် ခေါင်းဆောင်သည် အင်္ဂါနေ့ နှောင်းပိုင်းမှာ အီရန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သိရသည်။