ဒဏ္ရာေၾကာင့္ ျပင္သစ္အသင္းအတြက္ပြဲဆက္အမ်ားဆုံးစံခ်ိန္ ရပ္တန႔္ခဲ့ရတဲ့ ဂရီးဇ္မန္း

မတ္ ၂၁

ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉး အန္ထရြန္ ဂရီးဇ္မန္းသည္ အက္သလက္တီကိုအတြက္ ကစားေပးရင္း ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ယခုမတ္လနိုင္ငံတကာရက္သတၱပတ္တြင္ ကစားမည့္ ျပင္သစ္အသင္း၏ ေျခစမ္းပြဲမ်ားကို လြဲေခ်ာ္ေတာ့မည္ျဖစ္ပါတယ္။

ဂရီးဇ္မန္းအေနျဖင့္ ၂၀၁၇ ၾသဂုတ္လမွ စတင္၍ ျပင္သစ္အသင္း၏ပြဲစဥ္မ်ားတြင္ ေတာက္ေလၽွာက္မပ်က္မကြက္ဆက္တိုက္ ကစားခဲ့ေသာ သူ၏စံခ်ိန္မွာ (၈၄)ပြဲတြင္ ရပ္တန႔္ရေတာ့မည္ျဖစ္ပါတယ္။

ဂရီးဇ္မန္းသည္ ျပင္သစ္အသင္းအတြက္ နိုင္ငံတကာပြဲ(၁၂၇)ပြဲကစားထားရာ ေနာက္ဆုံး(၈၄)ပြဲကို ဆက္တိုက္ကစားခဲ့ျခင္းျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္အသင္းသည္ ယခုမတ္(၂၃)ရက္ေန႔တြင္ ဂ်ာမနီ၊ (၂၆)ရက္ေန႔တြင္ ခ်ီလီအသင္းတို႔ႏွင့္ အိမ္ကြင္း၌ေျခစမ္းပြဲမ်ား ကစားမည္ျဖစ္ပါတယ္။

======

ဒဏ်ရာကြောင့် ပြင်သစ်အသင်းအတွက်ပွဲဆက်အများဆုံးစံချိန် ရပ်တန့်ခဲ့ရတဲ့ ဂရီးဇ်မန်း

မတ် ၂၁

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်ထရွန် ဂရီးဇ်မန်းသည် အက်သလက်တီကိုအတွက် ကစားပေးရင်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုမတ်လနိုင်ငံတကာရက်သတ္တပတ်တွင် ကစားမည့် ပြင်သစ်အသင်း၏ ခြေစမ်းပွဲများကို လွဲချော်တော့မည်ဖြစ်ပါတယ်။

ဂရီးဇ်မန်းအနေဖြင့် ၂၀၁၇ သြဂုတ်လမှ စတင်၍ ပြင်သစ်အသင်း၏ပွဲစဉ်များတွင် တောက်လျှောက်မပျက်မကွက်ဆက်တိုက် ကစားခဲ့သော သူ၏စံချိန်မှာ (၈၄)ပွဲတွင် ရပ်တန့်ရတော့မည်ဖြစ်ပါတယ်။

ဂရီးဇ်မန်းသည် ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲ(၁၂၇)ပွဲကစားထားရာ နောက်ဆုံး(၈၄)ပွဲကို ဆက်တိုက်ကစားခဲ့ခြင်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းသည် ယခုမတ်(၂၃)ရက်နေ့တွင် ဂျာမနီ၊ (၂၆)ရက်နေ့တွင် ချီလီအသင်းတို့နှင့် အိမ်ကွင်း၌ခြေစမ်းပွဲများ ကစားမည်ဖြစ်ပါတယ်။