တစ္ပတ္အတြင္း တစ္နိုင္ငံလုံး၌ အခ်ိန္အခါမဟုတ္ မိုးရြာမည္ဟု မိုး/ဇလသတိေပး

လာမည့္ မတ္လ (၂၀)ရက္မွ မတ္လ (၂၄) ရက္အတြင္းျမန္မာတစ္နိုင္ငံလုံးတြင္ အခ်ိန္အခါမဟုတ္ မိုးရြာသြန္းနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။
ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔မွ ေရြ႕လ်ားလာသည့္ တိမ္တိုက္မ်ားႏွင့္ အေရွ႕ဘက္မွ ေရြ႕လ်ားလာသည့္ ေလေပြလွိုင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း၊ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္းမႈ အားေကာင္းျခင္းေၾကာင့္လည္းေကာင္း၊ အေနာက္ဘက္မွ ေရြ႕လ်ားလာေသာ ေလေပြလွိုင္းမ်ား၏ အရွိန္ေၾကာင့္ လည္းေကာင္း တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္းရြာနိုင္ေၾကာင္း သတိ ေပးထားသည္။
ထို႔အျပင္ အခ်ိန္အခါ မဟုတ္မိုးရြာျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္းႏွင့္ မိုးတိမ္ေတာင္ျဖစ္ထြန္းမႈ အားေကာင္းေသာေဒသမ်ားတြင္ ေလျပင္းတိုက္ခတ္ျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ားျဖစ္ေပၚနိုင္သျဖင့္ ျပည္သူမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳနိုင္ရန္ အႀကံျပဳထားသည္။

======

တစ်ပတ်အတွင်း တစ်နိုင်ငံလုံး၌ အချိန်အခါမဟုတ် မိုးရွာမည်ဟု မိုး/ဇလသတိပေး

လာမည့် မတ်လ (၂၀)ရက်မှ မတ်လ (၂၄) ရက်အတွင်းမြန်မာတစ်နိုင်ငံလုံးတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသည့် တိမ်တိုက်များနှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သတိ ပေးထားသည်။
ထို့အပြင် အချိန်အခါ မဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသောဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်။