ဒဏ္ရာေၾကာင့္ ဘယ္လ္ဂ်ီယံလူစာရင္းက ႏႈတ္ထြက္ခဲ့သူ ဒီဘရိုင္းနား အာဆင္နယ္နဲ႔ပြဲက်ပ္ကို လြဲေခ်ာ္ဖို႔ရွိ
မတ္ ၁၅
မန္စီးတီးအသင္းရဲ့ အဓိက ကြင္းလယ္လူ ဒီဘရိုင္းဟာ အေသးစားေပါင္းၿခံဒဏ္ရာ ရရွိေနခဲ့တာေၾကာင့္ နိုင္ငံတကာေျခစမ္းပြဲစဥ္ေတြ ကစားသြားမယ့္ ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းရဲ့ လူစာရင္းကေန ႏႈတ္ထြက္ခဲ့တယ္လို႔သိရပါတယ္။
အသက္၃၂အရြယ္ရွိ ဒီဘရိုင္းနားဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဒီရာသီအစက ဘန္ေလနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာေၾကာင့္ ဒီဇင္ဘာလကုန္ခါနီးအထိ အနားယူခဲ့ရသလို ဒီရာသီ မန္စီးတီးအသင္းရဲ့ ၿပိဳင္ပြဲစုံ ၃၂ ပြဲအထိ လြဲေခ်ာ္ခဲ့ပါတယ္။
အဆိုပါဒဏ္ရာေၾကာင့္ ဒီဘရိုင္းနားဟာ လာမဲ့စေနေန႔က်ရင္ နယူးကာဆယ္နဲ႔ အစ္တီဟတ္မွာ ကစားမဲ့ FA ဖလားပြဲအျပင္ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါတယ္။
======
ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံလူစာရင်းက နှုတ်ထွက်ခဲ့သူ ဒီဘရိုင်းနား အာဆင်နယ်နဲ့ပွဲကျပ်ကို လွဲချော်ဖို့ရှိ
မတ် ၁၅
မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းဟာ အသေးစားပေါင်းခြံဒဏ်ရာ ရရှိနေခဲ့တာကြောင့် နိုင်ငံတကာခြေစမ်းပွဲစဉ်တွေ ကစားသွားမယ့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။
အသက်၃၂အရွယ်ရှိ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီရာသီအစက ဘန်လေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဒီဇင်ဘာလကုန်ခါနီးအထိ အနားယူခဲ့ရသလို ဒီရာသီ မန်စီးတီးအသင်းရဲ့ ပြိုင်ပွဲစုံ ၃၂ ပွဲအထိ လွဲချော်ခဲ့ပါတယ်။
အဆိုပါဒဏ်ရာကြောင့် ဒီဘရိုင်းနားဟာ လာမဲ့စနေနေ့ကျရင် နယူးကာဆယ်နဲ့ အစ်တီဟတ်မှာ ကစားမဲ့ FA ဖလားပွဲအပြင် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကိုလည်း လွဲချော်ဖို့ရှိနေပါတယ်။