ျမစ္ႀကီးနားေလဆိပ္တြင္ ေလေၾကာင္းခရီးစဥ္မ်ား ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲေနၿပီျဖစ္

ေလဆိပ္ကို ယာယီပိတ္လိုက္သည္ဟု သတင္းထြက္ခဲ့သည့္ ျမစ္ႀကီးနားေလဆိပ္တြင္ ေလေၾကာင္းခရီးစဥ္မ်ား ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲေနၿပီျဖစ္ျဖစ္ေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
မတ္လ (၇) ရက္က စတင္ကာ ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနား ၊ ဝိုင္းေမာ္၊ လိုင္ဇာ အပါအဝင္ ေဒသအခ်ိဳ႕တြင္ တိုက္ပြဲမ်ား ျပင္းထန္ေနၿပီး လုံျခဳံေရးအေျခအေနအရ ေလေၾကာင္းလိုင္းမ်ား ယာယီရပ္နားလိုက္ရေၾကာင္း ယမန္ေန႔က သတင္း ထြက္ေပၚခဲ့ျခင္း ျဖစ္သည္။
ဗန္းေမာ္ ေလဆိပ္ ေလယာဥ္ေျပးလမ္းေပၚသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ဗန္းေမာ္ေလဆိပ္ကို မတ္လ (၇) ရက္မွ စတင္ကာယာယီ ပိတ္ထားေၾကာင္း သိရသည္။
ယမန္ေန႔ မတ္လ (၉) ရက္ နံနက္အေစပိုင္းက ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ၿမိဳ႕အနီးတဝိုက္တြင္ တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည့္အတြက္ ေလယာဥ္ကြင္းကို တစ္ရက္တာ ပိတ္ခဲ့ၿပီး ယေန႔ ပုံမွန္အတိုင္း ျပန္လည္ဖြင့္လွစ္ကာ ေလယာဥ္ခရီးစဥ္မ်ား ေျပးဆြဲေနၿပီျဖစ္သည္။

=======

မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်

လေဆိပ်ကို ယာယီပိတ်လိုက်သည်ဟု သတင်းထွက်ခဲ့သည့် မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မတ်လ (၇) ရက်က စတင်ကာ ကချင်ပြည်နယ် ၊ မြစ်ကြီးနား ၊ ဝိုင်းမော်၊ လိုင်ဇာ အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး လုံခြုံရေးအခြေအနေအရ လေကြောင်းလိုင်းများ ယာယီရပ်နားလိုက်ရကြောင်း ယမန်နေ့က သတင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဗန်းမော် လေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဗန်းမော်လေဆိပ်ကို မတ်လ (၇) ရက်မှ စတင်ကာယာယီ ပိတ်ထားကြောင်း သိရသည်။
ယမန်နေ့ မတ်လ (၉) ရက် နံနက်အစေပိုင်းက မြစ်ကြီးနားမြို့နှင့် မြို့အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် လေယာဉ်ကွင်းကို တစ်ရက်တာ ပိတ်ခဲ့ပြီး ယနေ့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေပြီဖြစ်သည်။