
မတ် ၁၀

ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ဈေးနှုန်းမြှင့်တင်ခြင်း၊ ဈေးကစားခြင်းနှင့် သိမ်းဆည်းသိုလှောင်ခြင်းတွေ ပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိပါက အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်၊၊

အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ဈေးနှုန်းမြှင့်တင်ခြင်းနဲ့ ဈေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင် တာတွေ မပြုလုပ်ဖို သတိပေးထားတာဖြစ်တယ်လို ဆိုပါတယ်၊၊

အဲဒီ အရေးကြီးကုန်စည်တွေကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးတာ၊ ဈေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေကို စိစစ်တွေ့ရှိရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့အညီ အရေးယူခံရမှာ ဖြစ်တယ်လိုလည်း သိရပါတယ်၊၊


==========

ဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးကစားပါက ထောင်ဒဏ် ၃ နှစ်အထိ အရေးယူမည်”

မတ် ၁၀

ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆေးဝါးတွေကို စျေးနှုန်းမြှင့်တင်ခြင်း၊ စျေးကစားခြင်းနှင့် သိမ်းဆည်းသိုလှောင်ခြင်းတွေ ပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိပါက အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်၊၊

အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေနဲ့ ဆေးဝါးတွေကို စျေးနှုန်းမြှင့်တင်ခြင်းနဲ့ စျေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင် တာတွေ မပြုလုပ်ဖို သတိပေးထားတာဖြစ်တယ်လို ဆိုပါတယ်၊၊

အဲဒီ အရေးကြီးကုန်စည်တွေကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးတာ၊ စျေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေကို စိစစ်တွေ့ရှိရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့အညီ အရေးယူခံရမှာ ဖြစ်တယ်လိုလည်း သိရပါတယ်၊၊

အဆိုပါ ဥပဒေပုဒ်မ ၅ သတ်မှတ်ချက်မှာ အရေးကြီးကုန်စည်တွေနဲ့ ပတ်သက်ပြီး အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ထောင်ဒဏ်ခြောက်လကနေ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး ကျပ်ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို သိရပါတယ်၊၊