ICC ဖမ္းဝရမ္းကို အသိအမွတ္မျပဳဟု ႐ုရွား ေျပာဆို

ယူကရိန္းမွာ စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့မႈ သံသယနဲ႔ ႐ုရွားတပ္မႉးႏွစ္ဦးအေပၚ နိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC က ဖမ္းဝရမ္းထုတ္ခဲ့ျခင္းအား ႐ုရွားနိုင္ငံက အသိအမွတ္မျပဳဘူးလို႔ ကရင္မလင္က ဗုဒၶဟူးေန႔မွာ ေျပာဆိုလိုက္ပါတယ္။
ယူကရိန္း လၽွပ္စစ္အေျခခံအေဆာက္အအုံကို ဒုံးက်ည္နဲ႔ တိုက္ခိုက္ခဲ့မႈအတြက္ ႐ုရွားတပ္မႉးေတြျဖစ္တဲ့ ဆာေဂး ကိုဘီလက္ရွ္နဲ႔ ဗစ္တာ ဆိုကိုေလာ့ဗ္တို႔ႏွစ္ဦးကို ဖမ္းဝရမ္းထုတ္ေၾကာင္း ICC က အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။
႐ုရွားနိုင္ငံဟာ ICC စတင္ဖြဲ႕စည္းရာ Rome Statute မွာ ပါဝင္ခဲ့ျခင္းမရွိတာေၾကာင့္ ဝရမ္းထုတ္မႈေတြကို ေမာ္စကိုက အသိအမွတ္မျပဳဘူးလို႔ ကရင္မလင္ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီ ပက္စ္ေကာ့ဗ္က ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းက-ေလးငယ္ေတြကို အဓ-မၼေခၚေဆာင္မႈနဲ႔ ICC ဟာ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္နဲ႔ ႐ုရွားကေလးသူငယ္မ်ား ေကာ္မရွင္နာ မာရီယာ လာဗိုဗာ ဘီလိုဗာတို႔ကိုလည္း ၿပီးခဲ့တဲ့ႏွစ္ မတ္လအတြင္းက ဖမ္းဝရမ္းထုတ္ခဲ့ပါေသးတယ္။
ယင္းအခ်ိန္ကလည္း အဆိုပါ ဝရမ္းေတြကို ကရင္မလင္က ပယ္ခ်ခဲ့ပါတယ္။ ယူကရိန္းမွာ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ျခင္း မရွိဘူးလို႔ ႐ုရွားက ျငင္းဆိုခဲ့ၿပီး ICC ရဲ့ ဖမ္းဝရမ္းေတြဟာ ႐ုရွားကို သိကၡာက်ေစဖို႔ အေနာက္တိုင္းရဲ့ ၾသဇာသုံးေဆာင္ရြက္မႈ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
Ref: Times of India

=======

ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဟု ရုရှား ပြောဆို

ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့မှု သံသယနဲ့ ရုရှားတပ်မှူးနှစ်ဦးအပေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းအား ရုရှားနိုင်ငံက အသိအမှတ်မပြုဘူးလို့ ကရင်မလင်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ယူကရိန်း လျှပ်စစ်အခြေခံအဆောက်အအုံကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့မှုအတွက် ရုရှားတပ်မှူးတွေဖြစ်တဲ့ ဆာဂေး ကိုဘီလက်ရှ်နဲ့ ဗစ်တာ ဆိုကိုလော့ဗ်တို့နှစ်ဦးကို ဖမ်းဝရမ်းထုတ်ကြောင်း ICC က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ICC စတင်ဖွဲ့စည်းရာ Rome Statute မှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဝရမ်းထုတ်မှုတွေကို မော်စကိုက အသိအမှတ်မပြုဘူးလို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောဆိုခဲ့ပါတယ်။
ယူကရိန်းက-လေးငယ်တွေကို အဓ-မ္မခေါ်ဆောင်မှုနဲ့ ICC ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရုရှားကလေးသူငယ်များ ကော်မရှင်နာ မာရီယာ လာဗိုဗာ ဘီလိုဗာတို့ကိုလည်း ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။
ယင်းအချိန်ကလည်း အဆိုပါ ဝရမ်းတွေကို ကရင်မလင်က ပယ်ချခဲ့ပါတယ်။ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း မရှိဘူးလို့ ရုရှားက ငြင်းဆိုခဲ့ပြီး ICC ရဲ့ ဖမ်းဝရမ်းတွေဟာ ရုရှားကို သိက္ခာကျစေဖို့ အနောက်တိုင်းရဲ့ သြဇာသုံးဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref: Times of India