ေထာင္ႏွင့္ခ်ီေသာ ကိုရီးယားဆရာဝန္မ်ား ေဆးကုသခြင့္ လိုင္စင္မ်ားဆိုင္းငံ့ခံရ

မတ္ ၆

ေတာင္ကိုရီးယား အစိုးရက အလုပ္မဆင္းပဲ ဆႏၵျပသည့္ ေထာင္ႏွင့္ခ်ီေသာ ဆရာဝန္မ်ား လိုင္စင္ပိတ္သိမ္းေနေၾကာင္းသိရသည္။

အစိုးရ၏ ေဆးေက်ာင္းသား အသစ္ ေသာင္းႏွင့္ခ်ီေခၚယူမည့္ အစီအစဥ္အား ဆရာဝန္မ်ားက ကန႔္ကြက္ ဆႏၵျပေနၾကသည့္အျပင္ အလုပ္မဆင္းပဲ သပိတ္ေမွာက္လ်က္ရွိေၾကာင္းသိရသည္။

ဆရာဝန္မ်ား ေဆးကုသျခင္းမရွိသည့္အတြက္ ေတာင္ကိုရီးယားအစိုးရသည္ စစ္တပ္မွ ဆရာဝန္မ်ားအား ယာယီတာဝန္ေပးကာ အစားထိုးကုသေပးလ်က္ရွိသည္။

ဆႏၵၿပ သပိတ္ေမွာက္ေနသည့္ ဆရာဝန္မ်ားအား လိုင္စင္မ်ား ဆိုင္းငံ့ေနစည့္အျပင္ ရဲတပ္ဖြဲဝင္မ်ားႏွင့္ ေဒသ အာဏာပိုင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္။

ေတာင္ကိုရီးယား၏ ေဆးဘက္ဆိုင္ရာ ဥပေဒအရ ေဆးကုသမႈ လုပ္ေဆာင္ရန္ အမိန႔္ကို ဖီဆန္သူသည္ ေထာင္ဒဏ္ (၃) ႏွစ္ သိုမဟုတ္ ေငြဒဏ္ ဝမ္ သန္း ၃၀ က်ခံရနိုင္သည့္အျပင္ ေဆးကုသခြင့္ လိုင္စင္အား တစ္ႏွစ္အထိ ဆိုင္းငံ့ထားနိုင္ၿပီး ေထာင္ဒဏ္က်ခံရပါက ေဆးကုသခြင့္ လိုင္စင္ ပိတ္သိမ္းခံရနိုင္ေၾကာင္းသိရသည္။

========

ထောင်နှင့်ချီသော ကိုရီးယားဆရာဝန်များ ဆေးကုသခွင့် လိုင်စင်များဆိုင်းငံ့ခံရ

မတ် ၆

တောင်ကိုရီးယား အစိုးရက အလုပ်မဆင်းပဲ ဆန္ဒပြသည့် ထောင်နှင့်ချီသော ဆရာဝန်များ လိုင်စင်ပိတ်သိမ်းနေကြောင်းသိရသည်။

အစိုးရ၏ ဆေးကျောင်းသား အသစ် သောင်းနှင့်ချီခေါ်ယူမည့် အစီအစဉ်အား ဆရာဝန်များက ကန့်ကွက် ဆန္ဒပြနေကြသည့်အပြင် အလုပ်မဆင်းပဲ သပိတ်မှောက်လျက်ရှိကြောင်းသိရသည်။

ဆရာဝန်များ ဆေးကုသခြင်းမရှိသည့်အတွက် တောင်ကိုရီးယားအစိုးရသည် စစ်တပ်မှ ဆရာဝန်များအား ယာယီတာဝန်ပေးကာ အစားထိုးကုသပေးလျက်ရှိသည်။

ဆန္ဒပြ သပိတ်မှောက်နေသည့် ဆရာဝန်များအား လိုင်စင်များ ဆိုင်းငံ့နေစည့်အပြင် ရဲတပ်ဖွဲဝင်များနှင့် ဒေသ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။

တောင်ကိုရီးယား၏ ဆေးဘက်ဆိုင်ရာ ဥပဒေအရ ဆေးကုသမှု လုပ်ဆောင်ရန် အမိန့်ကို ဖီဆန်သူသည် ထောင်ဒဏ် (၃) နှစ် သိုမဟုတ် ငွေဒဏ် ဝမ် သန်း ၃၀ ကျခံရနိုင်သည့်အပြင် ဆေးကုသခွင့် လိုင်စင်အား တစ်နှစ်အထိ ဆိုင်းငံ့ထားနိုင်ပြီး ထောင်ဒဏ်ကျခံရပါက ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းခံရနိုင်ကြောင်းသိရသည်။