လီဗာပူးလ္ – မန္စီးတီးပြဲအတြက္ လုံျခဳံေရးတိုးျမႇင့္ရန္ မာေဆးဆိုက္ဒ္ရဲတပ္ဖြဲ႕ စီစဥ္

March 7, 2024

မာေဆးဆိုက္ဒ္ရဲတပ္ဖြဲ႕ဟာ လာမယ့္ တနဂၤေႏြေန႔တြင္ ယွဥ္ၿပိဳင္ကစားမယ့္ လီဗာပူးလ္ – မန္စီးတီးပြဲအတြက္ လုံျခဳံေရးတိုးျမႇင့္ရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။

ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယား၏ ပထမႏွင့္ ဒုတိယေနရာ၌ ရပ္တည္ေနေသာ လီဗာပူးလ္ႏွင့္ မန္စီးတီးအသင္းတို႔သည္ လာမယ့္ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ည ၁၀:၁၅ နာရီအခ်ိန္တြင္ အန္ဖီးလ္ကြင္း၌ ထိပ္တိုက္ရင္ဆိုင္ၾကရမည္ျဖစ္၍ ယင္းပြဲအတြက္ မာေဆးဆိုက္ဒ္ရဲတပ္ဖြဲ႕ လုံျခဳံေရးတိုးျမႇင့္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

လီဗာပူးလ္အသင္းပရိသတ္မ်ားက ၂၀၁၈ ခုႏွစ္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ကစားရန္ ေရာက္ရွိလာသည့္ မန္စီးတီးအသင္း၏ ဘတ္စ္ကားကို အရာဝတၳဳပစၥည္းအခ်ိဳ႕ျဖင့္ ပစ္ေပါက္တိုက္ခိုက္မႈျပဳလုပ္ခဲ့သလို၊ ၿပီးခဲ့သည့္ ဒီဇင္ဘာလကလည္း အန္ဖီးလ္သို႔ လာေရာက္ကစားသည့္ မန္ယူအသင္း၏ဘတ္စ္ကား တိုက္ခိုက္ခံရမႈမ်ားျဖစ္ခဲ့ေသာေၾကာင့္ လုံျခဳံေရးတိုးျမႇင့္ရန္စီစဥ္ေနျခင္းျဖစ္ပါတယ္။

========

လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ စီစဉ်
March 7, 2024

မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ဟာ လာမယ့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း သိရပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၏ ပထမနှင့် ဒုတိယနေရာ၌ ရပ်တည်နေသော လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည ၁၀:၁၅ နာရီအချိန်တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်ရင်ဆိုင်ကြရမည်ဖြစ်၍ ယင်းပွဲအတွက် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းပရိသတ်များက ၂၀၁၈ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် မန်စီးတီးအသင်း၏ ဘတ်စ်ကားကို အရာဝတ္ထုပစ္စည်းအချို့ဖြင့် ပစ်ပေါက်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို၊ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အန်ဖီးလ်သို့ လာရောက်ကစားသည့် မန်ယူအသင်း၏ဘတ်စ်ကား တိုက်ခိုက်ခံရမှုများဖြစ်ခဲ့သောကြောင့် လုံခြုံရေးတိုးမြှင့်ရန်စီစဉ်နေခြင်းဖြစ်ပါတယ်။