ယခုႏွစ္အတြင္း ျမန္မာလက္ေရြးစင္ အမ်ိဳးသမီးေဘာလုံးအသင္း နိုင္ငံတကာ ေျခစမ္းပြဲမ်ား ယွဥ္ၿပိဳင္ရန္ ေလ့က်င့္ျပင္ဆင္
ယခုႏွစ္အတြင္း ျမန္မာလက္ေရြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းအေနျဖင့္ နိုင္ငံတကာေျခစမ္းပြဲမ်ားသို႔ သြားေရာက္ယွဥ္ၿပိဳင္ကစားရန္ ေလ့က်င္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ယေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။
ထိုသို႔ ေလ့က်င္ျပင္ဆင္ရာတြင္ ယခု မတ္ လ(၄)ရက္မွစတင္၍ စခန္းသြင္းေလ့က်င္လၽွက္ရွိၿပီး၊ အသင္းနည္းျပခ်ဳပ္အေန ျဖင့္ ဂ်ပန္လူမ်ိဳး ယူကီတက္ဆုရို က တာဝန္ယူေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
နည္းျပခ်ဳပ္ ယူကီတက္ဆုရိုအေနျဖင့္ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းအား နိုင္ငံတကာေျခစမ္းပြဲမ်ား၊ေလ့က်င့္ေရးခရီးစဥ္မ်ားသြားေရာက္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းကို လူငယ္ကစားသမားမ်ားျဖင့္ ဖြဲ႕စည္ထားကာ ဂိုးသမားအျဖစ္ ေမဇင္ႏြယ္၊ ေမဦးခင္၊ မ်ိဳးျမျမၿငိမ္း၊ ထက္အိျႏၵာလင္း၊ အိစႏၵာေဇာ္၊ ေနာက္တန္း ကစားသမားအျဖစ္ ဇြန္ယုယဦး၊ အိအိေက်ာ္၊ ယုယုနိုင္၊ မိုးမမစိုး၊ ျဖဴေဖြး၊ ေမသက္မြန္ျမင့္၊ ခိုင္သဇင္၊ လင္းလဲ့ဦး၊ ျဖဴျဖဴဝင္း တို႔ ပါဝင္သည္။
အလားတူ အလယ္တန္း ကစားသမားမ်ားအေနျဖင့္ ေနာ္ထက္ထက္ေဝ၊ ေဆြမာေအာင္၊ ခင္မိုမိုထြန္း၊ မိုးမိုးသန္း၊ ဝင္းဝင္း၊ပုံပုံပ့ည့္ေမာင္၊ေဝဖူးအိမ္ႏွင့္ ေရွ႕တန္း ကစားသမားမ်ားအျဖစ္ ႐ူပါခိုင္၊ ဂ်ဴလိုင္ေက်ာ္၊ ေရြရည္ထြန္း၊ ေဟမာန္စိုး၊ စန္းေသာ္ေသာ္၊ ဇင္မိုးျပည့္၊ ျမတ္နိုးခင္၊ ယဥ္လြန္းအိမ္ တို႔ျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္သည္။
==========
ယခုနှစ်အတွင်း မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်
ယခုနှစ်အတွင်း မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် နိုင်ငံတကာခြေစမ်းပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကစားရန် လေ့ကျင်ပြင်ဆင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ လေ့ကျင်ပြင်ဆင်ရာတွင် ယခု မတ် လ(၄)ရက်မှစတင်၍ စခန်းသွင်းလေ့ကျင်လျှက်ရှိပြီး၊ အသင်းနည်းပြချုပ်အနေ ဖြင့် ဂျပန်လူမျိုး ယူကီတက်ဆုရို က တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နည်းပြချုပ် ယူကီတက်ဆုရိုအနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား နိုင်ငံတကာခြေစမ်းပွဲများ၊လေ့ကျင့်ရေးခရီးစဉ်များသွားရောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို လူငယ်ကစားသမားများဖြင့် ဖွဲ့စည်ထားကာ ဂိုးသမားအဖြစ် မေဇင်နွယ်၊ မေဦးခင်၊ မျိုးမြမြငြိမ်း၊ ထက်အိန္ဒြာလင်း၊ အိစန္ဒာဇော်၊ နောက်တန်း ကစားသမားအဖြစ် ဇွန်ယုယဦး၊ အိအိကျော်၊ ယုယုနိုင်၊ မိုးမမစိုး၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ ခိုင်သဇင်၊ လင်းလဲ့ဦး၊ ဖြူဖြူဝင်း တို့ ပါဝင်သည်။
အလားတူ အလယ်တန်း ကစားသမားများအနေဖြင့် နော်ထက်ထက်ဝေ၊ ဆွေမာအောင်၊ ခင်မိုမိုထွန်း၊ မိုးမိုးသန်း၊ ဝင်းဝင်း၊ပုံပုံပ့ည့်မောင်၊ဝေဖူးအိမ်နှင့် ရှေ့တန်း ကစားသမားများအဖြစ် ရူပါခိုင်၊ ဂျူလိုင်ကျော်၊ ရွေရည်ထွန်း၊ ဟေမာန်စိုး၊ စန်းသော်သော်၊ ဇင်မိုးပြည့်၊ မြတ်နိုးခင်၊ ယဉ်လွန်းအိမ် တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။