သီရိလကၤာနိုင္ငံ၏ပညာေရးစနစ္တြင္ဉာဏ္ရည္တုဆိုင္ရာသင္ရိုးညႊန္တမ္းမ်ားကို ထည့္သြင္းသင္ၾကားမည္

ေဖေဖာ္ဝါရီ ၁၄

နိုင္ငံ၏ပညာေရးစနစ္တြင္ ဉာဏ္ရည္တုဆိုင္ရာ သင္ရိုးညႊန္းတမ္းမ်ားကို ထည့္သြင္းသင္ၾကားေရးအတြက္ အဆိုျပဳခ်က္ကို သီရိလကၤာအစိုးရအဖြဲက အတည္ျပဳခဲ့ေၾကာင္း သီရိလကၤာ ျပန္ၾကားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၁၃ ရက္တြင္ ေျပာၾကားခဲ့သည္။

၎အဆိုျပဳခ်က္သည္ ဉာဏ္ရည္တုနည္းပညာႏွင့္ ပတ္သက္သည့္ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာႏွင့္ စီမံခ်က္တစ္ရပ္ဖြဲ႕စည္းရန္ ခန႔္အပ္တာဝန္ေပးထားသည့္ အႀကံေပးအဖြဲ႕၏ အႀကံျပဳခ်က္မ်ားအေပၚ အေျခခံထားေၾကာင္း သိရသည္။ အဆိုပါ စီမံကိန္းကို မိုက္ခရိုေဆာ့ဖ္ အင္စတီက်ဴ၏ ပံ့ပိုးကူညီမႈျဖင့္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ထပ္ေလာင္းေျပာၾကားခဲ့သည္။

၎စီမံကိန္း၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ သီရိလကၤာအမ်ိဳးသားပညာေရးတကၠသိုလ္၏ အႀကံျပဳခ်က္ မ်ားအေပၚ အေျခခံ၍ မိုက္ခရိုေဆာ့ဖ္အင္စတီက်ဴမွ လက္ရွိအေကာင္အထည္ ေဖာ္ေနေသာ နိုင္ငံတကာ သင္ရိုးညႊန္းတမ္းကို ျပန္လည္သုံးသပ္ျပင္ဆင္ရန္ အစိုးရအဖြဲက အတည္ျပဳခဲ့ၿပီး လိုအပ္ေသာအေျခခံလူ႔စြမ္းအား အရင္းအျမစ္မ်ား ရရွိနိုင္သည့္ေက်ာင္းမ်ားတြင္ အ႒မတန္းမွစတင္၍ ေရွ႕ေျပးစီမံကိန္းမ်ားကို စတင္မည္ဟု ျပန္ၾကားေရးဝန္ႀကီးဌာန က ေျပာၾကားသည္။

မိုက္ခရိုေဆာ့ဖ္အင္စတီက်ဴမွ ပံ့ပိုးေပးေသာ အေဆာက္အအုံမ်ား တြင္ စမ္းသပ္စီမံကိန္းအတြက္ ေရြးခ်ယ္ထားေသာ ေက်ာင္းမ်ား၏ဒစ္ဂ်စ္တယ္စနစ္ အဆင့္ျမႇင့္တင္ေရးႏွင့္ သတင္းအခ်က္ အလက္ႏွင့္ ဆက္သြယ္ေရး နည္းပညာဘာသာရပ္ သင္ၾကားမည့္သင္ၾကားပိုခ်သူ ၁၀၀ သင္တန္း ေပးျခင္းကိုလည္း အတည္ျပဳခဲ့ေၾကာင္း ဆင္ဟြာသတင္းဌာနတြင္ ေဖာ္ျပထားသည္။

=========

သီရိလင်္ကာနိုင်ငံ၏ပညာရေးစနစ်တွင်ဉာဏ်ရည်တုဆိုင်ရာသင်ရိုးညွှန်တမ်းများကို ထည့်သွင်းသင်ကြားမည်

ဖေဖော်ဝါရီ ၁၄

နိုင်ငံ၏ပညာရေးစနစ်တွင် ဉာဏ်ရည်တုဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းသင်ကြားရေးအတွက် အဆိုပြုချက်ကို သီရိလင်္ကာအစိုးရအဖွဲက အတည်ပြုခဲ့ကြောင်း သီရိလင်္ကာ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

၎င်းအဆိုပြုချက်သည် ဉာဏ်ရည်တုနည်းပညာနှင့် ပတ်သက်သည့် အမျိုးသားအဆင့် မဟာဗျူဟာနှင့် စီမံချက်တစ်ရပ်ဖွဲ့စည်းရန် ခန့်အပ်တာဝန်ပေးထားသည့် အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် အခြေခံထားကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မိုက်ခရိုဆော့ဖ် အင်စတီကျူ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သီရိလင်္ကာအမျိုးသားပညာရေးတက္ကသိုလ်၏ အကြံပြုချက် များအပေါ် အခြေခံ၍ မိုက်ခရိုဆော့ဖ်အင်စတီကျူမှ လက်ရှိအကောင်အထည် ဖော်နေသော နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် အစိုးရအဖွဲက အတည်ပြုခဲ့ပြီး လိုအပ်သောအခြေခံလူ့စွမ်းအား အရင်းအမြစ်များ ရရှိနိုင်သည့်ကျောင်းများတွင် အဋ္ဌမတန်းမှစတင်၍ ရှေ့ပြေးစီမံကိန်းများကို စတင်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန က ပြောကြားသည်။

မိုက်ခရိုဆော့ဖ်အင်စတီကျူမှ ပံ့ပိုးပေးသော အဆောက်အအုံများ တွင် စမ်းသပ်စီမံကိန်းအတွက် ရွေးချယ်ထားသော ကျောင်းများ၏ဒစ်ဂျစ်တယ်စနစ် အဆင့်မြှင့်တင်ရေးနှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာဘာသာရပ် သင်ကြားမည့်သင်ကြားပိုချသူ ၁၀၀ သင်တန်း ပေးခြင်းကိုလည်း အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။