Blackpink အဖြဲ႕ဝင္ လီဆာ “The White Lotus 3” ၌ ပါဝင္သ႐ုပ္ေဆာင္မည္ဟုဆို

 

Blackpink အဖြဲ႕ဝင္ လီဆာသည္ HBO ၏ နာမည္ႀကီးအေမရိကန္႐ုပ္သံဇာတ္လမ္းတြဲ The White Lotus ၏ Season 3 မွ စတင္၍ သ႐ုပ္ေဆာင္ ေလာက သို႔ ဝင္လာမည္ျဖစ္ေၾကာင္း တနလၤာေန႔တြင္ေဖာ္ျပခဲ့သည္။ သို႔ေသာ္ ၎အေနျဖင့္ မည္သည့္အခန္းက႑တြင္ပါဝင္သ႐ုပ္ေဆာင္မည္ကိုမူ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးေပ။
အခ်ိဳ႕သတင္းမ်ား၏ေဖာ္ျပခ်က္မ်ားအရ အဆိုပါဇာတ္လမ္းတြဲ၌ ဒီပီကာပါဒုခြန္လည္း ပါဝင္သ႐ုပ္ေဆာင္နိုင္ေျခရွိေၾကာင္းေျပာၾကားခဲ့ေသာ္လည္း ဒီပီကာအေနျဖင့္ အဆိုပါဇာတ္လမ္းတြဲ၌ ပါဝင္သ႐ုပ္ေဆာင္ျခင္းရွိမရွိကိုမူ မသိရေသးေၾကာင္းလည္းသိရသည္။
လီဆာသည္ HBO စီးရီးတစ္ခု၌ ပါဝင္သ႐ုပ္ေဆာင္သည့္ ဒုတိယေျမာက္ Blackpink အဖြဲ႕ဝင္တစ္ဦးျဖစ္ခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ကလည္း Blackpink အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္းနီသည္ HBO ဒရာမာဇာတ္လမ္းတြဲ “ The Idol” တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေသးသည္။
နာမည္ႀကီးမိန္းကေလးအဖြဲ႕ Blackpink ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ လီဆာသည္ ေတာင္ကိုရီးယားနိုင္ငံ၏အေက်ာ္ၾကားဆုံး အမ်ိဳးသမီးမ်ားအနက္တစ္ဦးျဖစ္ၿပီး လြန္ခဲ့သည့္သီတင္းပတ္ကလည္း သူ၏ကိုယ္ပိုင္ဂီတႏွင့္ေဖ်ာ္ေျဖေရးကုမၸဏီ Lloud ကိုတည္ေထာင္ခဲ့သည္။
Source : အင္ဒီးယန္းတူေဒး

=========

Blackpink အဖွဲ့ဝင် လီဆာ “The White Lotus 3” ၌ ပါဝင်သရုပ်ဆောင်မည်ဟုဆို

Blackpink အဖွဲ့ဝင် လီဆာသည် HBO ၏ နာမည်ကြီးအမေရိကန်ရုပ်သံဇာတ်လမ်းတွဲ The White Lotus ၏ Season 3 မှ စတင်၍ သရုပ်ဆောင် လောက သို့ ဝင်လာမည်ဖြစ်ကြောင်း တနင်္လာနေ့တွင်ဖော်ပြခဲ့သည်။ သို့သော် ၎င်းအနေဖြင့် မည်သည့်အခန်းကဏ္ဍတွင်ပါဝင်သရုပ်ဆောင်မည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
အချို့သတင်းများ၏ဖော်ပြချက်များအရ အဆိုပါဇာတ်လမ်းတွဲ၌ ဒီပီကာပါဒုခွန်လည်း ပါဝင်သရုပ်ဆောင်နိုင်ခြေရှိကြောင်းပြောကြားခဲ့သော်လည်း ဒီပီကာအနေဖြင့် အဆိုပါဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခြင်းရှိမရှိကိုမူ မသိရသေးကြောင်းလည်းသိရသည်။
လီဆာသည် HBO စီးရီးတစ်ခု၌ ပါဝင်သရုပ်ဆောင်သည့် ဒုတိယမြောက် Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကလည်း Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် HBO ဒရာမာဇာတ်လမ်းတွဲ “ The Idol” တွင် ပါဝင်သရုပ်ဆောင်ခဲ့သေးသည်။
နာမည်ကြီးမိန်းကလေးအဖွဲ့ Blackpink ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာသည် တောင်ကိုရီးယားနိုင်ငံ၏အကျော်ကြားဆုံး အမျိုးသမီးများအနက်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ်ကလည်း သူ၏ကိုယ်ပိုင်ဂီတနှင့်ဖျော်ဖြေရေးကုမ္ပဏီ Lloud ကိုတည်ထောင်ခဲ့သည်။
Source : အင်ဒီးယန်းတူဒေး