ကိုဗစ္ေရာဂါပိုးေတြ႕ရွိမႈ အနည္းငယ္ ျမင့္တက္လာတာေၾကာင့္ ပါးစပ္နဲ႔ႏွာေခါင္းစည္း တပ္ဆင္သင့္ေၾကာင့္း က်န္းမာေရး၀န္ႀကီးဌာနက သတိေပးထုတ္ျပန္
ေဖေဖာ္ဝါရီ ၆
လတ္တေလာကာလတြင္ ျမန္မာနိုင္ငံမွာ ကိုဗစ္ေရာဂါအပတ္စဥ္ပိုးေတြ႕ရွိမႈ အနည္းငယ္ ျမင့္တက္လာတာ ေၾကာင့္ ပါးစပ္နဲ႔ ႏွာေခါင္းစည္း Mask တပ္ဆင္သင့္ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက သတိေပးထားတယ္လို သိရပါတယ္။ ၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းအတြင္း ကိုဗစ္-၁၉ မ်ိဳးရိုးဗီဇေျပာင္း အိုမီခရြန္ေရာဂါပိုး JN.1 ကူးစက္မႈေၾကာင့္ ေဒသတြင္းနဲ႔ အိမ္နီးခ်င္းနိုင္ငံအခ်ိဳမွာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမႈမ်ားျပားခဲ့ကာ ျမန္မာနိုင္ငံမွာလည္းကူးစက္မႈ ေတြ႕ရွိထားေၾကာင္းအတည္ျပဳၿပီး ျဖစ္ပါတယ္။
အဆိုပါကိုဗစ္-၁၉ ေရာဂါအပတ္စဥ္ပိုးေတြ႕ရွိမႈမ်ား အနည္းငယ္ျမင့္တက္လာတာေၾကာင့္ လူေနထူထပ္တဲ့ ေနရာ၊ အလုံပိတ္ေနရာ၊ ေလ၀င္/ေလထြက္မေကာင္းတဲ့ ေနရာမ်ားမွာ ရွိေနခ်ိန္ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask) တပ္ဆင္သင့္တယ္လို ဆိုပါတယ္။ ဒါ့အျပင္ အမ်ားျပည္သူအသုံးျပဳတဲ့ ေမာ္ေတာ္ယာဥ္၊ ရထား၊ သေဘၤာ၊ ေလယာဥ္ စတဲ့ယာဥ္မ်ားျဖင့္ ခရီးသြားျခင္းနဲ႔ ေဆး႐ုံ/က်န္းမာေရးဌာနမ်ားနဲ႔ ဘိုးဘြားရိပ္သာမ်ားသို သြားေရာက္ျခင္းမ်ားမွာ Mask တပ္ဆင္သင့္ တယ္လို သတိေပးထားပါတယ္။
ကိုဗစ္-၁၉ ေရာဂါထပ္ေဆာင္းကာကြယ္ေဆး ထိုးႏွံမႈခံယူျခင္းျဖင့္ ကိုဗစ္-၁၉ ေရာဂါျပင္းထန္နိုင္ေျခႏွင့္ ေသဆုံးနိုင္ေျခကို ေလၽွာ့ခ်နိုင္တာျဖစ္ကာ အသက္အရြယ္ႀကီးသူမ်ား၊ နာတာရွည္ ေရာဂါအခံရွိသူမ်ားနဲ႔ ကိုယ္ခံအား နည္းေနသူမ်ားအေနနဲ႔ ထပ္ေဆာင္းကာကြယ္ေဆးထိုးႏွံမႈ ခံယူၾကရန္ တိုက္တြန္းထားပါတယ္။
ကိုဗစ္-၁၉ ေရာဂါနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာ တစ္ခုခုခံစားေနရပါက အျခားသူမ်ားသို ကူးစက္မႈမရွိေစေရး လူထူထပ္ေသာေနရာမ်ားနဲ႔ အလုံပိတ္ေနရာမ်ားသို သြားလာျခင္းမွ ေရွာင္ၾကဥ္ၾကရန္ သတိေပးထားတာ ျဖစ္ပါတယ္။
==========
ကိုဗစ်ရောဂါပိုးတွေ့ရှိမှု အနည်းငယ် မြင့်တက်လာတာကြောင့် ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်သင့်ကြောင့်း ကျန်းမာရေး၀န်ကြီးဌာနက သတိပေးထုတ်ပြန်
ဖေဖော်ဝါရီ ၆
လတ်တလောကာလတွင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါအပတ်စဉ်ပိုးတွေ့ရှိမှု အနည်းငယ် မြင့်တက်လာတာ ကြောင့် ပါးစပ်နဲ့ နှာခေါင်းစည်း Mask တပ်ဆင်သင့်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက သတိပေးထားတယ်လို သိရပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုကြောင့် ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံအချိုမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားခဲ့ကာ မြန်မာနိုင်ငံမှာလည်းကူးစက်မှု တွေ့ရှိထားကြောင်းအတည်ပြုပြီး ဖြစ်ပါတယ်။
အဆိုပါကိုဗစ်-၁၉ ရောဂါအပတ်စဉ်ပိုးတွေ့ရှိမှုများ အနည်းငယ်မြင့်တက်လာတာကြောင့် လူနေထူထပ်တဲ့ နေရာ၊ အလုံပိတ်နေရာ၊ လေ၀င်/လေထွက်မကောင်းတဲ့ နေရာများမှာ ရှိနေချိန်ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဆင်သင့်တယ်လို ဆိုပါတယ်။ ဒါ့အပြင် အများပြည်သူအသုံးပြုတဲ့ မော်တော်ယာဉ်၊ ရထား၊ သင်္ဘော၊ လေယာဉ် စတဲ့ယာဉ်များဖြင့် ခရီးသွားခြင်းနဲ့ ဆေးရုံ/ကျန်းမာရေးဌာနများနဲ့ ဘိုးဘွားရိပ်သာများသို သွားရောက်ခြင်းများမှာ Mask တပ်ဆင်သင့် တယ်လို သတိပေးထားပါတယ်။
ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်တာဖြစ်ကာ အသက်အရွယ်ကြီးသူများ၊ နာတာရှည် ရောဂါအခံရှိသူများနဲ့ ကိုယ်ခံအား နည်းနေသူများအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် တိုက်တွန်းထားပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ တစ်ခုခုခံစားနေရပါက အခြားသူများသို ကူးစက်မှုမရှိစေရေး လူထူထပ်သောနေရာများနဲ့ အလုံပိတ်နေရာများသို သွားလာခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားတာ ဖြစ်ပါတယ်။