ကိုရီးယားမွ ရာသီခ်ိန္လုပ္သားေခၚယူစာရင္းမွာ ျမန္မာနိုင္ငံ ပါဝင္ျခင္းမရွိေသးေၾကာင္းသိရ

ဇန္နဝါရီ ၂၉

၂၀၂၄ ခုႏွစ္အတြက္ ကိုရီးယားနိုင္ငံမွ ရာသီခ်ိန္လုပ္သားေခၚယူမယ့္ နိုင္ငံေတြမွာ ျမန္မာနိုင္ငံပါဝင္ျခင္း မရွိေသးေၾကာင္း အလုပ္သမားအေရး လႈပ္ရွားေဆာင္ရြက္သူမ်ားထံကေန သိရပါတယ္။ လက္ရွိမွာ ေတာင္ကိုရီးယားနိုင္ငံအေနနဲ႔ ရာသီခ်ိန္လုပ္သားမ်ားကို ဗီယက္နမ္၊ ဖိလစ္ပိုင္၊ ကေမၻာဒီးယားနဲ႔ လာအိုနိုင္ငံတို႔ကေနေခၚယူဖို႔ သေဘာတူညီမႈရရွိထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ရာသီခ်ိန္လုပ္သား အလုပ္အကိုင္ဟာ ၈ လလုပ္ ၄ လနားစနစ္နဲ႔ ကာလတို လုပ္ကိုင္ရျခင္းျဖစ္ၿပီး ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားမွလည္း ရာသီခ်ိန္လုပ္သားေစလႊတ္နိုင္ရန္ အလုပ္သမား ဝန္ႀကီးဌာနသို႔ တင္ျပမႈမ်ားရွိတယ္လို သိရပါတယ္။

ျမန္မာနဲ႔ကိုရီးယား ေဒသႏၲရအစိုးရအခ်င္းခ်င္း MoU လက္မွတ္ေရးထိုးမႈမ်ား ျပဳလုပ္ထားတယ္လို႔ အလုပ္သမားဝန္ႀကီး ဌာနက အသိေပးထားေပမယ့္ ရာသီခ်ိန္ လုပ္သားေစလႊတ္ေရးနဲ႔ ပတ္သက္ၿပီး ေတာင္ကိုရီးယား အစိုးရမွထုတ္ျပန္ရာမွာ ျမန္မာနိုင္ငံပါဝင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။ လက္ရွိမွာ ေတာင္ကိုရီးယား နိုင္ငံသို EPS စနစ္နဲ႔ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီ POEA က ေစလႊတ္ေနျခင္းျဖစ္တယ္လို သိရပါတယ္။

=============

ကိုရီးယားမှ ရာသီချိန်လုပ်သားခေါ်ယူစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိသေးကြောင်းသိရ

ဇန်နဝါရီ ၂၉

၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေးကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံကနေ သိရပါတယ်။ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရာသီချိန်လုပ်သားများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ကနေခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ရာသီချိန်လုပ်သား အလုပ်အကိုင်ဟာ ၈ လလုပ် ၄ လနားစနစ်နဲ့ ကာလတို လုပ်ကိုင်ရခြင်းဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှလည်း ရာသီချိန်လုပ်သားစေလွှတ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြမှုများရှိတယ်လို သိရပါတယ်။

မြန်မာနဲ့ကိုရီးယား ဒေသန္တရအစိုးရအချင်းချင်း MoU လက်မှတ်ရေးထိုးမှုများ ပြုလုပ်ထားတယ်လို့ အလုပ်သမားဝန်ကြီး ဌာနက အသိပေးထားပေမယ့် ရာသီချိန် လုပ်သားစေလွှတ်ရေးနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အစိုးရမှထုတ်ပြန်ရာမှာ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ လက်ရှိမှာ တောင်ကိုရီးယား နိုင်ငံသို EPS စနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA က စေလွှတ်နေခြင်းဖြစ်တယ်လို သိရပါတယ်။