မေကြးၿမိဳ႕နယ္ သံဘိုရြာသစ္စံျပေက်းရြာအား မ်က္စိအတြင္းတိမ္ကင္းစင္ရြာအျဖစ္ ေဆာင္ရြက္

ဇန္နဝါရီ ၂၉

(၇၇)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ က်န္းမာေရးဝန္ႀကီး ဌာနတို႔ ပူးေပါင္းကာ မေကြးၿမိဳ႕နယ္ သံဘိုရြာသစ္စံျပေက်းရြာအား မ်က္စိအတြင္းတိမ္ကင္းစင္ရြာအျဖစ္ ေဆာင္ရြက္နိုင္ခဲ့ျခင္း အထိမ္းအမွတ္အခမ္းအနားကို ဇန္နဝါရီလ ၂၆ ရက္ေန႔က အဆိုပါေက်းရြာ ဘက္စုံသုံးခန္းမ၌ က်င္းပေဆာင္ရြက္ခဲ့ရာ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္ႏွင့္ အဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ မ်က္စိအတြင္းတိမ္ကင္းစင္ၿပီး အလင္းရလာၾကသည့္ သံဘိုရြာသစ္မွ ရပ္မိရပ္ဖမ်ားႏွင့္ ေက်းရြာသူ၊ ေက်းရြာသားမ်ား တက္ေရာက္ခဲ့ၾကသည္။

ဦးစြာ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္က ၿမိဳ႕ျပႏွင့္ ေက်းလက္ဖြံ့ၿဖိဳးမႈကြာျခားခ်က္မ်ား က်ဥ္းေျမာင္းၿပီး လူေနမႈအဆင့္အတန္းျမင့္မားေစရန္အတြက္ ေခတ္မီစံျပေက်းရြာေတြကို ေဖာ္ေဆာင္ၿပီး ေက်းရြာေတြမွာ ဘက္စုံဖြံ့ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ဒီကေန႔ဟာ ျပည္သူလူထုအေနနဲ႔ အာေရာဂ်ံပရမံလာဘံဆိုတဲ့ စကားအတိုင္း က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါးအျဖစ္ က်န္းမာမွ အလုပ္လုပ္နိုင္ၿပီး အလုပ္လုပ္နိုင္မွ ဖြံ့ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္နိုင္မွာျဖစ္တဲ့အတြက္ေၾကာင့္ အေျခခံက်ၿပီး ျပည္သူလူထုလိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈကို တိုးျမႇင့္ေပးတဲ့ အခမ္းအနားတစ္ခုလည္းျဖစ္ပါေၾကာင္း၊ မ်က္စိအတြင္းတိမ္ဆိုတာ အသက္ႀကီးရင့္လာသူေတြမွာ ေတြ႕ၾကဳံရလာတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး၊ ေခတ္မီဖြံ့ၿဖိဳးတိုးတက္လာတဲ့ ေဆးပညာအရ ပ်က္စီးေနတဲ့ ေမြးရာပါမွန္ဘီလူးကို စက္ကိရိယာ၊ ကၽြမ္းက်င္မႈမ်ားနဲ႔ ေပါင္းစပ္ၿပီး မွန္ဘီလူးအသစ္လဲေပးျခင္းျဖင့္ မ်က္စိအတြင္းတိမ္ေရာဂါကို ကုသနိုင္မွာလည္းျဖစ္ပါေၾကာင္း၊ မ်က္စိအတြင္းတိမ္ကင္းစင္ရြာမ်ား ေပၚေပါက္လာေစေရးအတြက္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ပူးေပါင္းစီမံခြင့္ရတာဟာ မေကြးတိုင္းေဒသႀကီးအတြင္းက ျပည္သူေတြအတြက္ေရာ တိုင္းေဒသႀကီးအစိုးရအတြက္ပါ မဂၤလာတပ္ရပ္ပဲျဖစ္ပါေၾကာင္း၊ ဒီလုပ္ငန္းစဥ္ဟာ ဒီတစ္ရြာတည္းနဲ႔ၿပီးေျမာက္သြားမွာ မဟုတ္ဘဲ မေကြးတိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ အျခားေသာစံျပရြာေတြကိုလဲ ဆက္တိုက္ လစဥ္အဆက္မျပတ္ ေဆာင္ရြက္ေပးသြားဦးမွာျဖစ္ပါေၾကာင္း၊ ရြာသူရြာသားမ်ားအေနျဖင့္လည္း မိမိတို႔ရဲ့ေကာင္းမြန္လာတဲ့ က်န္းမာေရးအေျခအေနေပၚမူတည္ၿပီး နိုင္ငံေတာ္ရဲ့ေစတနာကို သေဘာေပါက္စြာျဖင့္ ေက်းရြာဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား၊ ဘာသာ၊ သာသနာ ဖြံ့ၿဖိဳးေရးလုပ္ငန္းေတြမွာ ဆထက္ထမ္းပိုးထမ္းရြက္သြားၾကဖို႔ ေျပာလိုေၾကာင္း စသည္ျဖင့္ ေျပာၾကားသည္။

ဆက္လက္၍ မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမႉး ေဒါက္တာနႏၵဝင္းက မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕နယ္ရွိ သံဘိုရြာသစ္စံျပေက်းရြာကို ျမန္မာတစ္နိုင္ငံလုံးမွာ ပထမဦးဆုံး မ်က္စိအတြင္းတိမ္ကင္းစင္ရြာအျဖစ္ ေဆာင္ရြက္နိုင္ခဲ့ျခင္းျဖစ္ၿပီး၊ မေကြးၿမိဳ႕နယ္ သံဘိုရြာသစ္စံျပေက်းရြာမွာ မ်က္စိအတြင္းတိမ္ကင္းစင္ေက်းရြာအျဖစ္ ေဖာ္ေဆာင္နိုင္ဖို႔ ေက်းရြာအတြင္းရွိ အသက္(၅၀)ႏွစ္ႏွင့္အထက္ သက္ႀကီးဘိုးဘြား(၉၆)ဦးကို စမ္းသပ္စစ္ေဆးကာ မ်က္စိအတြင္းတိမ္လူနာ သက္ႀကီးဘိုးဘြား(၁၇)ဦးကို ခြဲစိပ္ေပးနိုင္ခဲ့တာျဖစ္ၿပီး၊ လက္ရွိမွာတာ့ သံဘိုရြာသစ္စံျပေက်းရြာမွာ မ်က္စိအတြင္းတိမ္လူနာမရွိေတာ့ပဲ မ်က္စိအတြင္းတိမ္ ကင္းစင္ရြာျဖစ္ေစဖို႔ လစဥ္အျမဲမျပတ္ စမ္းသပ္စစ္ေဆးေဆာင္ရြက္ေပးသြားမွာျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး မ်က္စိအတြင္းတိမ္ကင္းစင္ၿပီး အလင္းရလာၾကသည့္ သံဘိုရြာသစ္မွ မ်က္စိအတြင္းတိမ္ ခြဲစိတ္ကုသၿပီးသူ ရပ္မိရပ္ဖတစ္ဦးက ေက်းဇူးတင္စကားေျပာၾကားကာ၊ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က မ်က္စိအတြင္းတိမ္ ခြဲစိတ္ကုသၿပီးသူမ်ားအား အာဟာရစားေသာက္ဖြယ္ရာမ်ား ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

==========

မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်

ဇန်နဝါရီ ၂၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျက်စိအတွင်းတိမ်ကင်းစင်ပြီး အလင်းရလာကြသည့် သံဘိုရွာသစ်မှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာခြားချက်များ ကျဉ်းမြောင်းပြီး လူနေမှုအဆင့်အတန်းမြင့်မားစေရန်အတွက် ခေတ်မီစံပြကျေးရွာတွေကို ဖော်ဆောင်ပြီး ကျေးရွာတွေမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီကနေ့ဟာ ပြည်သူလူထုအနေနဲ့ အာရောဂျံပရမံလာဘံဆိုတဲ့ စကားအတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးအဖြစ် ကျန်းမာမှ အလုပ်လုပ်နိုင်ပြီး အလုပ်လုပ်နိုင်မှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် အခြေခံကျပြီး ပြည်သူလူထုလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ပေးတဲ့ အခမ်းအနားတစ်ခုလည်းဖြစ်ပါကြောင်း၊ မျက်စိအတွင်းတိမ်ဆိုတာ အသက်ကြီးရင့်လာသူတွေမှာ တွေ့ကြုံရလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ ဆေးပညာအရ ပျက်စီးနေတဲ့ မွေးရာပါမှန်ဘီလူးကို စက်ကိရိယာ၊ ကျွမ်းကျင်မှုများနဲ့ ပေါင်းစပ်ပြီး မှန်ဘီလူးအသစ်လဲပေးခြင်းဖြင့် မျက်စိအတွင်းတိမ်ရောဂါကို ကုသနိုင်မှာလည်းဖြစ်ပါကြောင်း၊ မျက်စိအတွင်းတိမ်ကင်းစင်ရွာများ ပေါ်ပေါက်လာစေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပူးပေါင်းစီမံခွင့်ရတာဟာ မကွေးတိုင်းဒေသကြီးအတွင်းက ပြည်သူတွေအတွက်ရော တိုင်းဒေသကြီးအစိုးရအတွက်ပါ မင်္ဂလာတပ်ရပ်ပဲဖြစ်ပါကြောင်း၊ ဒီလုပ်ငန်းစဉ်ဟာ ဒီတစ်ရွာတည်းနဲ့ပြီးမြောက်သွားမှာ မဟုတ်ဘဲ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြားသောစံပြရွာတွေကိုလဲ ဆက်တိုက် လစဉ်အဆက်မပြတ် ဆောင်ရွက်ပေးသွားဦးမှာဖြစ်ပါကြောင်း၊ ရွာသူရွာသားများအနေဖြင့်လည်း မိမိတို့ရဲ့ကောင်းမွန်လာတဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး နိုင်ငံတော်ရဲ့စေတနာကို သဘောပေါက်စွာဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘာသာ၊ သာသနာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆထက်ထမ်းပိုးထမ်းရွက်သွားကြဖို့ ပြောလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ သံဘိုရွာသစ်စံပြကျေးရွာကို မြန်မာတစ်နိုင်ငံလုံးမှာ ပထမဦးဆုံး မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာမှာ မျက်စိအတွင်းတိမ်ကင်းစင်ကျေးရွာအဖြစ် ဖော်ဆောင်နိုင်ဖို့ ကျေးရွာအတွင်းရှိ အသက်(၅၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉၆)ဦးကို စမ်းသပ်စစ်ဆေးကာ မျက်စိအတွင်းတိမ်လူနာ သက်ကြီးဘိုးဘွား(၁၇)ဦးကို ခွဲစိပ်ပေးနိုင်ခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတာ့ သံဘိုရွာသစ်စံပြကျေးရွာမှာ မျက်စိအတွင်းတိမ်လူနာမရှိတော့ပဲ မျက်စိအတွင်းတိမ် ကင်းစင်ရွာဖြစ်စေဖို့ လစဉ်အမြဲမပြတ် စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မျက်စိအတွင်းတိမ်ကင်းစင်ပြီး အလင်းရလာကြသည့် သံဘိုရွာသစ်မှ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသပြီးသူ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မျက်စိအတွင်းတိမ် ခွဲစိတ်ကုသပြီးသူများအား အာဟာရစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။