ေနၾကာဆီရဲ့ အက်ိဳးေက်းဇူးမ်ား
ေနၾကာဆီမွာဆိုရင္ မျပည့္ဝဆီေတြျဖစ္တဲ့ မိုနို နဲ႔ ေပၚလီ မျပည့္ဝဆီေတြပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ဆီတမ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ ေနၾကာဆီမွာ ဗီတာမင္ အီး ၊ ဗီတာမင္ ေကနဲ႔ ထရိုင္ဂရစ္စရိုက္ဒ္ တို႔ မ်ားစြာပါဝင္ပါတယ္။
ေနၾကာဆီကို ပုံမွန္စားသုံးျခင္းျဖင့္ အသားအရည္ စိုေျပလွပေစျခင္း ၊ အေရျပားမွာျဖစ္တဲ့ တင္းတိပ္၊ မွဲ႕ေျခာက္၊ ဝက္ၿခံမ်ားကို သက္သာေစျခင္း ၊ အေရျပားေရာင္ရမ္းျခင္း၊ အေရျပားၾကမ္းတမ္းျခင္း၊ အနာျဖစ္ျခင္းတို႔ကိုလည္း သက္သာေစပါတယ္။ ဒါ့အျပင္ ႏွလုံးက်န္းမာေရးကိုေကာင္းမြန္ေစျခင္း၊ အဆစ္ျမစ္ေရာင္ရမ္းမႈ ကို ေလ်ာ့က်ေစျခင္း၊ ပန္းနာရင္က်ပ္ေရာဂါ ၊ ကင္ဆာေရာဂါမ်ားကို ကာကြယ္ေပးနိုင္ျခင္း၊ ခုခံအား စနစ္ တိုးတက္ေစျခင္း၊ အစာေျခမႈ တိုးတက္ ေကာင္းမြန္ေစၿပီး ဆံသားကို ေကာင္းမြန္ေစျခင္း ႏွင့္ ကိုယ္အေလးခ်ိန္ေလၽွာ့ခ်ရာမွာလည္း အေထာက္အကူျပဳနိုင္ပါတယ္။
ေနၾကာဆီစားသုံးမႈကေကာင္းက်ိဳးေတြရွိေပမယ့္ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း ဆီကိုသင့္တင့္မၽွတစြာ အသုံးျပဳသင့္ေၾကာင္း အႀကံျပဳတင္ဆက္ေပးလိုက္ပါတယ္။
#sdtimedaily
==========
နေကြာဆီရဲ့ အကျိုးကျေးဇူးများ
နေကြာဆီမှာဆိုရင် မပြည့်ဝဆီတွေဖြစ်တဲ့ မိုနို နဲ့ ပေါ်လီ မပြည့်ဝဆီတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်တဲ့ဆီတမျိုးဖြစ်ပါတယ်။ ဒါ့အပြင် နေကြာဆီမှာ ဗီတာမင် အီး ၊ ဗီတာမင် ကေနဲ့ ထရိုင်ဂရစ်စရိုက်ဒ် တို့ များစွာပါဝင်ပါတယ်။
နေကြာဆီကို ပုံမှန်စားသုံးခြင်းဖြင့် အသားအရည် စိုပြေလှပစေခြင်း ၊ အရေပြားမှာဖြစ်တဲ့ တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံများကို သက်သာစေခြင်း ၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားကြမ်းတမ်းခြင်း၊ အနာဖြစ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အဆစ်မြစ်ရောင်ရမ်းမှု ကို လျော့ကျစေခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ၊ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ ခုခံအား စနစ် တိုးတက်စေခြင်း၊ အစာခြေမှု တိုးတက် ကောင်းမွန်စေပြီး ဆံသားကို ကောင်းမွန်စေခြင်း နှင့် ကိုယ်အလေးချိန်လျှော့ချရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။
နေကြာဆီစားသုံးမှုကကောင်းကျိုးတွေရှိပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဆီကိုသင့်တင့်မျှတစွာ အသုံးပြုသင့်ကြောင်း အကြံပြုတင်ဆက်ပေးလိုက်ပါတယ်။
#sdtimedaily