ပီအက္စ္ဂ်ီအသင္းက တိုက္စစ္မႉး အမ္ဘတ္ပီကို တစ္ႏွစ္လုပ္ခ လစာ ယူရို သန္း ၁၀၀ ျဖင့္ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္း

ဇန္နဝါရီ ၂၂

ပီအက္စ္ဂ်ီအသင္းက အသင္းႏွင့္စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မည့္ အဓိကတိုက္စစ္မႉး အမ္ဘတ္ပီကို တစ္ႏွစ္လုပ္ခလစာ ယူရို သန္း ၁၀၀ ျဖင့္ သက္တမ္း တိုးစာခ်ဳပ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ အမ္ဘတ္ပီသည္ ၂၀၁၇ ခုႏွစ္က မိုနာကိုအသင္းမွ ပီအက္စ္ဂ်ီအသင္းသို႔ တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႕ ကစားၿပီးေနာက္ ၂၀၁၈ ခုႏွစ္တြင္ အၿပီးသတ္စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႕ ကစားခဲ့ကာ လက္ရွိစာခ်ဳပ္ သက္တမ္းမွာ ယခုေဘာလုံး ရာသီအကုန္ ဇြန္လ ၃၀ ရက္တြင္ ကုန္ဆုံးမည္ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက အမ္ဘတ္ပီကို လက္မလႊတ္ လိုသည့္အတြက္ ၂၀၂၃ ခုႏွစ္ကတည္းက သက္တမ္း တိုးစာခ်ဳပ္ခ်ဳပ္ဆိုရန္ အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့ေသာ္လည္း အမ္ဘတ္ပီကိုယ္တိုင္က ရီးယဲလ္မက္ဒရစ္အသင္း သို႔ ေျပာင္းေရႊ႕ကစားလိုသည့္အတြက္ လက္ရွိအခ်ိန္ထိ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုရန္ ျငင္းဆန္ထားျခင္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက အမ္ဘတ္ပီကို သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုရန္ လက္မေလၽွာ့ေသးဘဲ ႀကိဳးပမ္းလ်က္ရွိၿပီး လက္ရွိတြင္လည္း မက္ေမာဖြယ္လုပ္ခလစာျဖစ္ သည့္ တစ္ႏွစ္လုပ္ခလစာ ယူရို သန္း ၁၀၀ ျဖင့္ ကမ္းလွမ္းမႈျပဳလုပ္ထားၿပီး အမ္ဘတ္ပီကိုယ္တိုင္က အနာဂတ္ကို ယခုေဘာလုံး ရာသီကုန္မွသာ ဆုံးျဖတ္ ဖြယ္ရွိေၾကာင္း သိရပါတယ္။

===========

ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူး အမ်ဘတ်ပီကို တစ်နှစ်လုပ်ခ လစာ ယူရို သန်း ၁၀၀ ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်း

ဇန်နဝါရီ ၂၂

ပီအက်စ်ဂျီအသင်းက အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အဓိကတိုက်စစ်မှူး အမ်ဘတ်ပီကို တစ်နှစ်လုပ်ခလစာ ယူရို သန်း ၁၀၀ ဖြင့် သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် အမ်ဘတ်ပီသည် ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားပြီးနောက် ၂၀၁၈ ခုနှစ်တွင် အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ကာ လက်ရှိစာချုပ် သက်တမ်းမှာ ယခုဘောလုံး ရာသီအကုန် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို လက်မလွှတ် လိုသည့်အတွက် ၂၀၂၃ ခုနှစ်ကတည်းက သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း အမ်ဘတ်ပီကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့ကစားလိုသည့်အတွက် လက်ရှိအချိန်ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ငြင်းဆန်ထားခြင်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် လက်မလျှော့သေးဘဲ ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင်လည်း မက်မောဖွယ်လုပ်ခလစာဖြစ် သည့် တစ်နှစ်လုပ်ခလစာ ယူရို သန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ထားပြီး အမ်ဘတ်ပီကိုယ်တိုင်က အနာဂတ်ကို ယခုဘောလုံး ရာသီကုန်မှသာ ဆုံးဖြတ် ဖွယ်ရှိကြောင်း သိရပါတယ်။