ယခု ဇန္နဝါရီလဝက္အတြင္း COVID-19 အတည္ျပဳလူနာသစ္ ၁၀၀ ဦးေက်ာ္ေတြ႕ရွိ

ျပည္တြင္း၌ ယခု ဇန္နဝါရီလဝက္အတြင္း COVID-19 အတည္ျပဳလူနာသစ္ ၁၀၂ ဦးေတြ႕ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ယမန္ေန႔(ဇန္နဝါရီ ၁၅ ရက္) ည ၈ နာရီသတင္းတြင္ ထုတ္ျပန္သည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာ ၃၁ ရက္မွ ယခုလ ဇန္နဝါရီ ၇ ရက္အထိ ရက္သတၱပတ္အတြင္း ဓာတ္ခြဲနမူနာ ၁၄,၃၆၃ ခုအား စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 အတည္ျပဳလူနာသစ္ ၄၈ ဦး၊ ဇန္နဝါရီ ၇ ရက္မွ ဇန္နဝါရီ ၁၄ ရက္အထိ ရက္သတၱပတ္အတြင္း ဓာတ္ခြဲနမူနာ ၁၅,၂၃၂ ခုအားစစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၅၄ ဦးေတြ႕ရွိခဲ့ၿပီး ေသဆုံးသူမရွိေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျပည္တြင္း၌ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၂၈ ရက္မွစတင္ကာ မ်ိဳးဗီဇတစ္ခုလုံးစစ္ေဆးမႈအား ေဆာင္ရြက္ခဲ့ရာ ဓာတ္ခြဲနမူနာ ၁၆ ခုတြင္ COVID-19 ေရာဂါ ဗီဇေျပာင္းမ်ိဳးကြဲမ်ားေတြ႕ရွိခဲ့သည္။
အဆိုပါဗီဇေျပာင္းမ်ိဳးကြဲေတြ႕ရွိသူမ်ားမွာ စင္ကာပူနိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူသုံးဦးႏွင့္ ျပည္တြင္းကူးစက္ျဖစ္ပြားသူ ၁၃ ဦးျဖစ္ေၾကာင္း၊ ၎တို႔အားလုံးသည္ က်န္းမာေရးအေျခအေနမ်ား သက္သာေကာင္းမြန္သျဖင့္ သက္ဆိုင္ရာေဆး႐ုံအသီးသီးမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

==============

ယခု ဇန်နဝါရီလဝက်အတွင်း COVID-19 အတည်ပြုလူနာသစ် ၁၀၀ ဦးကျော်တွေ့ရှိ

ပြည်တွင်း၌ ယခု ဇန်နဝါရီလဝက်အတွင်း COVID-19 အတည်ပြုလူနာသစ် ၁၀၂ ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့(ဇန်နဝါရီ ၁၅ ရက်) ည ၈ နာရီသတင်းတွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မှ ယခုလ ဇန်နဝါရီ ၇ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ ၁၄,၃၆၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် ၄၈ ဦး၊ ဇန်နဝါရီ ၇ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ ၁၅,၂၃၂ ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၄ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှုအား ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ ၁၆ ခုတွင် COVID-19 ရောဂါ ဗီဇပြောင်းမျိုးကွဲများတွေ့ရှိခဲ့သည်။
အဆိုပါဗီဇပြောင်းမျိုးကွဲတွေ့ရှိသူများမှာ စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူသုံးဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၃ ဦးဖြစ်ကြောင်း၊ ၎င်းတို့အားလုံးသည် ကျန်းမာရေးအခြေအနေများ သက်သာကောင်းမွန်သဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။