ခႏၶာကိုယ္ခုခံအားစနစ္ကို ျမႇင့္တင္ေပးနိုင္တဲ့ အစား အစာေတြ
က်န္းမာေရးက႑ကေန ခႏၶာကိုယ္ခုခံအားစနစ္ကို ျမႇင့္တင္ ေပးနိုင္တဲ့ အစားအစာေတြအေၾကာင္းကို ေျပာျပသြားမွာ ျဖစ္ပါတယ္။
အေအးမိျခင္းကို ၾကက္သြန္ျဖဴက ကာကြယ္ဖို႔ ကူညီေပးနိုင္ပါတယ္။ အျခားအေအးမိျခင္းနဲ႔ ဖ်ားနာျခင္းေတြကို ကာကြယ္ဖို႔အတြက္ ၾကက္သြန္ျဖဴက အိမ္သုံးေဆးဝါးတစ္မ်ိဳးပါပဲ။ေလ့လာေတြ႕ရွိခ်က္အရ ၾကက္သြန္ျဖဴမွာ allicin ဓာတ္ပါဝင္မႈေၾကာင့္ အေအးမိ၊ ဖ်ားနာျခင္း အႏၲရာယ္ေတြကို ေလ်ာ့က်ေစနိုင္ပါတယ္။ဘလူးဘယ္ရီသီးေတြမွာ antioxidant အစြမ္းသတၱိေတြပါဝင္တာမို႔ ခုခံအားတိုးေစပါတယ္။ Anthocyanin လို႔ ေခၚတဲ့ antioxidant အစြမ္းပါဝင္ပါတယ္။
၂၀၁၆ တုန္းက ေလ့လာခ်က္တစ္ခုအရ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပါဝင္တယ္လို႔ သိရပါတယ္။ အဲဒါေၾကာင့္ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာ ကူးစက္မႈေတြ၊ အေအးမိဖ်ားနာတာေတြကို သက္သာေစနိုင္ပါတယ္။ဂ်င္းကို ဟင္းလ်ာေတြထဲမွာ ထည့္သြင္းခ်က္ျပဳတ္တတ္ၾကသလို လက္ဖက္ရည္ၾကမ္းအျဖစ္လည္း ထည့္သြင္း ေသာက္သုံးတတ္ၾကပါတယ္။
ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစတဲ့ဓာတ္နဲ႔ antioxidant ဓာတ္ေတြ ပါဝင္မႈေၾကာင့္ က်န္းမာေရးဆိုင္ရာ အက်ိဳးအမ်ားႀကီးရွိပါတယ္။ အေအးမိ၊ ဖ်ားနာျခင္းအတြက္ အထူးသင့္ေလ်ာ္ၿပီး အက်ိဳးရွိတဲ့ ေဆးတစ္မ်ိဳးျဖစ္တယ္လို႔ ေလ့လာခ်က္ေတြအရ သိရပါတယ္။အနက္ေရာင္ ေခ်ာကလက္မွာ Theobromine ေခၚတဲ့ antioxidant ဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ အဲ့ဒီဓာတ္က ခုခံအားစနစ္ကို တိုးျမင့္ေစၿပီး ဖရီးရယ္ဒီကယ္ေတြေၾကာင့္ ခႏၶာကိုယ္ကဆဲလ္ေတြပ်က္စီးျခင္းကို ကာကြယ္ေပးနိုင္ ပါတယ္။
ဖရီးရယ္ဒီကယ္ေတြက ခႏၶာကိုယ္ထဲကဆဲလ္ေတြကို ပ်က္စီးေစၿပီး ေရာဂါေတြျပန႔္ႏွံ့ေစနိုင္ပါတယ္။နႏြင္းကို ဟင္းခ်က္ရာမွာ ထည့္သုံးတတ္ၾကပါတယ္။ ေဆးဝါးအျဖစ္လည္း တစ္ခ်ိဳ႕ေနရာေတြမွာ သုံးပါတယ္။ နႏြင္း မွာပါဝင္တဲ့ curcumin ဓာတ္ေၾကာင့္ ခႏၶာကိုယ္တြင္းက ခုခံအားကိုလည္း ျမႇင့္တင္ေပးနိုင္ပါတယ္။ antioxidant အစြမ္းေတြပါဝင္ၿပီး ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစနိုင္တဲ့အစြမ္းလည္း ရွိပါတယ္။
ေဆာ္လမြန္၊ တူနာ၊ ဆာဒင္းငါး နဲ႔အျခားအဆီမ်ားငါးေတြမွာ omega-3 fatty acids ပါဝင္မႈမ်ားျပားတာေၾကာင့္ ခုခံအားက်ဆင္းတဲ့အခါမွာ အျဖစ္မ်ားတဲ့ ခႏၶာကိုယ္အဆစ္အျမစ္ေယာင္ ေရာဂါမ်ိဳးကို သက္သာေစနိုင္ပါတယ္။ဟင္းႏုႏြယ္ရြက္က ခုခံအားတိုးျမင့္ေပးနိုင္ပါတယ္။ flavonoids၊ carotenoids၊ vitamin C နဲ႔ vitamin E ပါဝင္မႈေၾကာင့္ ခုခံအားကို ျမႇင့္တင္ေပးဖို႔ အကူအညီေပးပါတယ္။ flavonoids ဓာတ္က အေအးမိျခင္းကို ကာကြယ္ဖို႔ ကူညီေပးနိုင္တယ္လို႔ ေလ့လာေတြ႕ရွိခ်က္ေတြအရ သိရပါတယ္။
ပန္းပြင့္စိမ္းမွာ ဗီတာမင္စီ ပါဝင္ပါတယ္။ sulforaphane ဆိုတဲ့ဓာတ္ပါဝင္မႈေၾကာင့္ ခုခံအားေကာင္းဖို႔ ပုံမွန္ စားသုံးသင့္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳး ျဖစ္ပါတယ္။ဒါ့အျပင္ ကန္စြန္းဥမွာ beta carotene ဓာတ္ပါဝင္မႈက ဗီတာမင္ေအရဲ့ အရင္းအျမစ္ျဖစ္ၿပီး အေရျပား က်န္းမာေရးကို အေထာက္အကူျဖစ္ေစပါတယ္။ ေနေရာင္ေၾကာင့္ အေရျပားပ်က္စီးျခင္းကိုလည္း ကာကြယ္ေပးနိုင္ ပါတယ္။
=============
ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစား အစာတွေ
ကျန်းမာရေးကဏ္ဍကနေ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။
အအေးမိခြင်းကို ကြက်သွန်ဖြူက ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အခြားအအေးမိခြင်းနဲ့ ဖျားနာခြင်းတွေကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူက အိမ်သုံးဆေးဝါးတစ်မျိုးပါပဲ။လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူမှာ allicin ဓာတ်ပါဝင်မှုကြောင့် အအေးမိ၊ ဖျားနာခြင်း အန္တရာယ်တွေကို လျော့ကျစေနိုင်ပါတယ်။ဘလူးဘယ်ရီသီးတွေမှာ antioxidant အစွမ်းသတ္တိတွေပါဝင်တာမို့ ခုခံအားတိုးစေပါတယ်။ Anthocyanin လို့ ခေါ်တဲ့ antioxidant အစွမ်းပါဝင်ပါတယ်။
၂၀၁၆ တုန်းက လေ့လာချက်တစ်ခုအရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါဝင်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်မှုတွေ၊ အအေးမိဖျားနာတာတွေကို သက်သာစေနိုင်ပါတယ်။ဂျင်းကို ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်တတ်ကြသလို လက်ဖက်ရည်ကြမ်းအဖြစ်လည်း ထည့်သွင်း သောက်သုံးတတ်ကြပါတယ်။
ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ဓာတ်နဲ့ antioxidant ဓာတ်တွေ ပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးအများကြီးရှိပါတယ်။ အအေးမိ၊ ဖျားနာခြင်းအတွက် အထူးသင့်လျော်ပြီး အကျိုးရှိတဲ့ ဆေးတစ်မျိုးဖြစ်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။အနက်ရောင် ချောကလက်မှာ Theobromine ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ခုခံအားစနစ်ကို တိုးမြင့်စေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးနိုင် ပါတယ်။
ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါတွေပြန့်နှံ့စေနိုင်ပါတယ်။နနွင်းကို ဟင်းချက်ရာမှာ ထည့်သုံးတတ်ကြပါတယ်။ ဆေးဝါးအဖြစ်လည်း တစ်ချို့နေရာတွေမှာ သုံးပါတယ်။ နနွင်း မှာပါဝင်တဲ့ curcumin ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းက ခုခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ antioxidant အစွမ်းတွေပါဝင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။
ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး နဲ့အခြားအဆီများငါးတွေမှာ omega-3 fatty acids ပါဝင်မှုများပြားတာကြောင့် ခုခံအားကျဆင်းတဲ့အခါမှာ အဖြစ်များတဲ့ ခန္ဓာကိုယ်အဆစ်အမြစ်ယောင် ရောဂါမျိုးကို သက်သာစေနိုင်ပါတယ်။ဟင်းနုနွယ်ရွက်က ခုခံအားတိုးမြင့်ပေးနိုင်ပါတယ်။ flavonoids၊ carotenoids၊ vitamin C နဲ့ vitamin E ပါဝင်မှုကြောင့် ခုခံအားကို မြှင့်တင်ပေးဖို့ အကူအညီပေးပါတယ်။ flavonoids ဓာတ်က အအေးမိခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
ပန်းပွင့်စိမ်းမှာ ဗီတာမင်စီ ပါဝင်ပါတယ်။ sulforaphane ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် ခုခံအားကောင်းဖို့ ပုံမှန် စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ဒါ့အပြင် ကန်စွန်းဥမှာ beta carotene ဓာတ်ပါဝင်မှုက ဗီတာမင်အေရဲ့ အရင်းအမြစ်ဖြစ်ပြီး အရေပြား ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။