နည္းျပအျဖစ္ ျမက္ခင္းစိမ္းဆီ ျပန္လာမယ္ဆိုတဲ့ ပီေကး
ဇန္နဝါရီ ၁၂
မန္ယူႏွင့္ ဘာစီလိုနာေနာက္ခံကစားသမားေဟာင္း ပီေကးဟာ ကစားသမားဘဝမွ အနားယူၿပီး (၁၄)လအၾကာတြင္ ေဘာလုံးေလာကသို႔ နည္းျပအျဖစ္ ဝင္ေရာက္မည္ျဖစ္ေၾကာင္း လူမႈကြန္ရက္မွတစ္ဆင့္ ေၾကညာခဲ့ပါတယ္။
ပီေကးက ကလပ္ကစားသမားဘဝတြင္ မန္ယူႏွင့္ ဘာစီလိုနာအသင္းတို႔တြင္သာ ကစားခဲ့ၿပီး မန္ယူအသင္းႏွင့္အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္ ဆုဖလား (၄)လုံး၊ ဘာစီလိုနာအသင္းႏွင့္အတူ ဆုဖလား (၃၀)အထိ ရရွိခဲ့ပါတယ္။
ထို႔အျပင္ စပိန္အသင္းအတြက္ ပြဲေပါင္း (၁၀၂)ပြဲကစားခဲ့ၿပီး ကမၻာ့ဖလားႏွင့္ ယူရိုဖလားတို႔ကိုလည္း ရယူနိုင္ခဲ့ပါတယ္။ သူ႔အေနနဲ႔ ဘာစီလိုနာ လူငယ္အသင္းတစ္သင္းကို စတင္တာဝန္ယူဖို႔ရွိတယ္လို ခန႔္မွန္း သုံးသပ္ေနေၾကာင္း သိရပါတယ္။
============
နည်းပြအဖြစ် မြက်ခင်းစိမ်းဆီ ပြန်လာမယ်ဆိုတဲ့ ပီကေး
ဇန်နဝါရီ ၁၂
မန်ယူနှင့် ဘာစီလိုနာနောက်ခံကစားသမားဟောင်း ပီကေးဟာ ကစားသမားဘဝမှ အနားယူပြီး (၁၄)လအကြာတွင် ဘောလုံးလောကသို့ နည်းပြအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့ပါတယ်။
ပီကေးက ကလပ်ကစားသမားဘဝတွင် မန်ယူနှင့် ဘာစီလိုနာအသင်းတို့တွင်သာ ကစားခဲ့ပြီး မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား (၄)လုံး၊ ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား (၃၀)အထိ ရရှိခဲ့ပါတယ်။
ထို့အပြင် စပိန်အသင်းအတွက် ပွဲပေါင်း (၁၀၂)ပွဲကစားခဲ့ပြီး ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဘာစီလိုနာ လူငယ်အသင်းတစ်သင်းကို စတင်တာဝန်ယူဖို့ရှိတယ်လို ခန့်မှန်း သုံးသပ်နေကြောင်း သိရပါတယ်။