ကမၻာ့ ပထမဆုံး ေဖာက္ထြင္းျမင္ရတဲ့ TV ကို မိတ္ဆက္လိုက္တဲ့ Samsung
CES 2024 ပြဲမွာ ကမၻာ့ ပထမဆုံးဆိုတဲ့ နည္းပညာ အသစ္ေတြကို ျပသေနၾကပါၿပီ။ နည္းပညာ ဘီလူးႀကီး Samsung က ကမၻာ့ ပထမဆုံးလို႔ ေႂကြးေၾကာ္ကာ ေဖာက္ထြင္းျမင္ရတဲ့ MicroLED TV ကို ျပသလိုက္ပါတယ္။ TV အေနာက္ဘက္ကို ေဖာက္ထြင္းျမင္ရၿပီး TV ၾကည့္လို႔ရသလို TV အေနာက္ကိုလည္း ၾကည့္လို႔ရပါတယ္။ သေဘာကေတာ့ TV ေပၚက Content နဲ႔ တကယ့္ျပင္ပက Content ေတြကို ေပါင္းစပ္ထားသလိုပါပဲ။
နည္းပညာ ျမင့္သလို ေဈးကလည္း ေသးမွာ မဟုတ္ပါဘူး။ Samsung ရဲ့ ေဖာက္ထြင္းျမင္ရတဲ့ MicroLED TV ရဲ့ ေဈးကို မသိရေသးေပမယ့္ ေဖာက္ထြင္းမျမင္ရတဲ့ ၁၁၀ လက္မ MicroLED TV ရဲ့ ေဒၚလာ ၁၅၀,၀၀၀ (သိန္း ၅,၀၀၀) ေလာက္ ရွိပါတယ္။
Samsung ရဲ့ ေဖာက္ထြင္းျမင္ရတဲ့ TV ဟာ Modular ဒီဇိုင္းျဖစ္ပါတယ္။ TV မ်ားစြာကို ခ်ိတ္ဆက္ၿပီး အရြယ္ႀကီး TV အျဖစ္ သုံးနိုင္ပါတယ္။ အဲဒီအတြက္ အားကစားကြင္းေတြမွာ ရမွတ္ျပတဲ့ ဘုတ္နဲ႔ ေၾကာ္ျငာ Billboard အျဖစ္ သုံးနိုင္ပါတယ္။
MicroLED ဆိုတာ အလြန္ေသးငယ္တဲ့ LED သန္းေပါင္းမ်ားစြာကို အသုံးျပဳကာ ႐ုပ္ပုံ ဖန္တီးတဲ့ Display နည္းပညာ ျဖစ္ပါတယ္။ LED ၁ လုံးခ်င္းစီဟာ ကိုယ္တိုင္ အလင္းထုတ္လႊင့္နိုင္တဲ့အတြက္ LCD နဲ႔ OLED Display ေတြမွာလို Backlight မလိုအပ္ပါဘူး။ အဲဒီအတြက္ နက္ေမွာင္တဲ့ အနက္ေရာင္၊ ေတာက္ပတဲ့ အျဖဴေရာင္၊ က်ယ္ျပန႔္တဲ့ Viewing Angle နဲ႔ ျမင့္မားတဲ့ ႐ုပ္ပုံ အရည္အေသြးကို ရေစပါတယ္။
Ref : theverge
#DigitalTimes
==========
ကမ္ဘာ့ ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ TV ကို မိတ်ဆက်လိုက်တဲ့ Samsung
CES 2024 ပွဲမှာ ကမ္ဘာ့ ပထမဆုံးဆိုတဲ့ နည်းပညာ အသစ်တွေကို ပြသနေကြပါပြီ။ နည်းပညာ ဘီလူးကြီး Samsung က ကမ္ဘာ့ ပထမဆုံးလို့ ကြွေးကြော်ကာ ဖောက်ထွင်းမြင်ရတဲ့ MicroLED TV ကို ပြသလိုက်ပါတယ်။ TV အနောက်ဘက်ကို ဖောက်ထွင်းမြင်ရပြီး TV ကြည့်လို့ရသလို TV အနောက်ကိုလည်း ကြည့်လို့ရပါတယ်။ သဘောကတော့ TV ပေါ်က Content နဲ့ တကယ့်ပြင်ပက Content တွေကို ပေါင်းစပ်ထားသလိုပါပဲ။
နည်းပညာ မြင့်သလို ဈေးကလည်း သေးမှာ မဟုတ်ပါဘူး။ Samsung ရဲ့ ဖောက်ထွင်းမြင်ရတဲ့ MicroLED TV ရဲ့ ဈေးကို မသိရသေးပေမယ့် ဖောက်ထွင်းမမြင်ရတဲ့ ၁၁၀ လက်မ MicroLED TV ရဲ့ ဒေါ်လာ ၁၅၀,၀၀၀ (သိန်း ၅,၀၀၀) လောက် ရှိပါတယ်။
Samsung ရဲ့ ဖောက်ထွင်းမြင်ရတဲ့ TV ဟာ Modular ဒီဇိုင်းဖြစ်ပါတယ်။ TV များစွာကို ချိတ်ဆက်ပြီး အရွယ်ကြီး TV အဖြစ် သုံးနိုင်ပါတယ်။ အဲဒီအတွက် အားကစားကွင်းတွေမှာ ရမှတ်ပြတဲ့ ဘုတ်နဲ့ ကြော်ငြာ Billboard အဖြစ် သုံးနိုင်ပါတယ်။
MicroLED ဆိုတာ အလွန်သေးငယ်တဲ့ LED သန်းပေါင်းများစွာကို အသုံးပြုကာ ရုပ်ပုံ ဖန်တီးတဲ့ Display နည်းပညာ ဖြစ်ပါတယ်။ LED ၁ လုံးချင်းစီဟာ ကိုယ်တိုင် အလင်းထုတ်လွှင့်နိုင်တဲ့အတွက် LCD နဲ့ OLED Display တွေမှာလို Backlight မလိုအပ်ပါဘူး။ အဲဒီအတွက် နက်မှောင်တဲ့ အနက်ရောင်၊ တောက်ပတဲ့ အဖြူရောင်၊ ကျယ်ပြန့်တဲ့ Viewing Angle နဲ့ မြင့်မားတဲ့ ရုပ်ပုံ အရည်အသွေးကို ရစေပါတယ်။
Ref : theverge
#DigitalTimes