
ဇန်နဝါရီ ၁၀




=============

ဟန်ဂေရီတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဆိုဘော့စလိုင်း
********
ဇန်နဝါရီ ၁၀

လီဗာပူးလ်အသင်း၏ ဟန်ဂေရီလက်ရွေးစင်အသင်းခေါင်းဆောင် ဆိုဘော့စလိုင်း (၂၃ နှစ်)သည် ၂၀၂၃ ခုနှစ်အတွက် ဟန်ဂေရီတစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဆိုဘော့စလိုင်းဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၀) ပွဲကစားရာတွင် (၄) ဂိုးသွင်းယူပေးခဲ့ပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ယခုဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဆိုဘော့စလိုင်းက ဟန်ဂေရီတစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုအား ဒုတိယအကြိမ်မြောက် (၂၀၂၀၊ ၂၀၂၃) ရရှိခဲ့ခြင်းဖြစ်ပါတယ်။