စပါးအသင္းက တီမိုဝါနာကို ေခၚယူ
ဇန္နဝါရီ ၁၀
စပါးအသင္းဟာ လိုက္ပ္ဇစ္အသင္းမွ ဂ်ာမနီလက္ေရြးစင္တိုက္စစ္ကစားသမား တီမိုဝါနာ (၂၇) ႏွစ္အား ရာသီကုန္အထိအငွားစာခ်ဳပ္ျဖင့္ေခၚယူခဲ့ၿပီး အငွားစာခ်ဳပ္ျပည့္ခ်ိန္တြင္ ယူရို (၁၇) သန္းျဖင့္ အၿပီးသတ္ေခၚယူခြင့္တို႔နဲ႔ တရားဝင္ ေခၚယူလိုက္နိုင္ၿပီျဖစ္ပါတယ္။
ဝါနာက စပါးအသင္းမွာ ေက်ာနံပါတ္ (၁၆)ကို ဝတ္ဆင္သြားမွာပဲ ျဖစ္ပါတယ္။ တီမိုဝါနာဝါနာဟာ စပါးအသင္း၏ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းတြင္ (၂) ရာသီၾကာကစားခဲ့ဖူးၿပီး ၿပိဳင္ပြဲစုံ (၈၉) ပြဲကစားရာတြင္ (၂၃) ဂိုးသြင္းယူခဲ့ကာ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားႏွင့္ ကလပ္ကမၻာ့ဖလားတို႔ကိုရယူနိုင္ခဲ့ပါတယ္။
==========
စပါးအသင်းက တီမိုဝါနာကို ခေါ်ယူ
********
ဇန်နဝါရီ ၁၀
စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဂျာမနီလက်ရွေးစင်တိုက်စစ်ကစားသမား တီမိုဝါနာ (၂၇) နှစ်အား ရာသီကုန်အထိအငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ပြီး အငှားစာချုပ်ပြည့်ချိန်တွင် ယူရို (၁၇) သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ တရားဝင် ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ဝါနာက စပါးအသင်းမှာ ကျောနံပါတ် (၁၆)ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။ တီမိုဝါနာဝါနာဟာ စပါးအသင်း၏ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းတွင် (၂) ရာသီကြာကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ (၈၉) ပွဲကစားရာတွင် (၂၃) ဂိုးသွင်းယူခဲ့ကာ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။