
ကျောက်ဆည် ဇန်ဝါရီ ၅

တွေ့ဆုံပွဲအား တက်ရောက်လာသူများက နိုင်ငံတော်အလံ အလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက ပါတီဗဟိုဌာနချုပ်မှ ၂၀၂၄-ခုနှစ်၊ဇန်နဝါရီလမှဇွန်လအထိ ၆လတာကာလ စီမံချက်ချမှတ် ဆောင်ရွက်နေကြောင်း၊ပါတီဗဟိုဌာနချုပ်တွင် ပါတီတွင်းဆွေးနွေးပွဲအား အကြောင်းအရာ၊ကဏ္ဍအစုံဖြင့် ပြုလုပ်ခဲ့သည်မှာ ၁၂ကြိမ် ရှိပြီဖြစ်ကြောင်း၊ပါတီထာဝရ ရပ်တည်နိုင်ရေးအတွက်လည်း အမာခံကေဒါ မွေးမြူလေ့ကျင့်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှလည်း သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကေဒါများ ရွေးချယ်ပေးရန် လိုအပ်ကြောင်း၊မိမိတို့ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားလုံး တက်ညီလက်ညီ ကြိုးစား ဆောင်ရွက်ပေးရန်လိုကြောင်း၊ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရက်(၉၀)စီမံချက်ဆောင်ရွက်ခဲ့သည်မှာ ပဉ္စမအကြိမ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊မြို့နယ်များအနေဖြင့် စီမံချက်ပါလုပ်ငန်းစဉ်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးရန်နှင့် လစဉ်ဆောင်ရွက်မှု စာရင်းများ ပြုစုပေးပို့ရာတွင် စနစ်တကျ မှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန်လိုကြောင်း၊အမာခံကေဒါရွေးချယ်ရေးနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီသူများကို စနစ်တကျ သေချာစွာ ရွေးချယ်ပေးကြစေလိုကြောင်း၊ပြည့်မဏ္ဍိုင်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် Key Perfornance Index Chack List နှင့်အညီဆောင်ရွက်ပြီး မှတ်တမ်းများ သေချာပြုစုထားကြရမည်ဖြစ်ကြောင်း၊အစိမ်းရောင်စီမံချက်(PCM)အရ လူငယ်/အမျိုးသမီး အင်အားတိုးချဲ့စည်းရုံးရေး လုပ်ငန်းစဉ်အား သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် စည်းရုံးဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဖွဲ့စည်းဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။

============

ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ကျောက်ဆည် ဇန်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲအား တက်ရောက်လာသူများက နိူင်ငံတော်အလံ အလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက ပါတီဗဟိုဌာနချုပ်မှ ၂၀၂၄-ခုနှစ်၊ဇန်နဝါရီလမှဇွန်လအထိ ၆လတာကာလ စီမံချက်ချမှတ် ဆောင်ရွက်နေကြောင်း၊ပါတီဗဟိုဌာနချုပ်တွင် ပါတီတွင်းဆွေးနွေးပွဲအား အကြောင်းအရာ၊ကဏ္ဍအစုံဖြင့် ပြုလုပ်ခဲ့သည်မှာ ၁၂ကြိမ် ရှိပြီဖြစ်ကြောင်း၊ပါတီထာဝရ ရပ်တည်နိူင်ရေးအတွက်လည်း အမာခံကေဒါ မွေးမြူလေ့ကျင့်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှလည်း သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကေဒါများ ရွေးချယ်ပေးရန် လိုအပ်ကြောင်း၊မိမိတို့ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အောင်နိူင်ရေးအတွက် အားလုံး တက်ညီလက်ညီ ကြိုးစား ဆောင်ရွက်ပေးရန်လိုကြောင်း၊ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရက်(၉၀)စီမံချက်ဆောင်ရွက်ခဲ့သည်မှာ ပဥ္စမအကြိမ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊မြို့နယ်များအနေဖြင့် စီမံချက်ပါလုပ်ငန်းစဥ်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးရန်နှင့် လစဥ်ဆောင်ရွက်မှု စာရင်းများ ပြုစုပေးပို့ရာတွင် စနစ်တကျ မှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန်လိုကြောင်း၊အမာခံကေဒါရွေးချယ်ရေးနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီသူများကို စနစ်တကျ သေချာစွာ ရွေးချယ်ပေးကြစေလိုကြောင်း၊ပြည့်မဏ္ဍိုင်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် Key Perfornance Index Chack List နှင့်အညီဆောင်ရွက်ပြီး မှတ်တမ်းများ သေချာပြုစုထားကြရမည်ဖြစ်ကြောင်း၊အစိမ်းရောင်စီမံချက်(PCM)အရ လူငယ်/အမျိုးသမီး အင်အားတိုးချဲ့စည်းရုံးရေး လုပ်ငန်းစဥ်အား သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် စည်းရုံးဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရေးလုပ်ငန်းစဥ်နှင့်ပတ်သက်၍ ဖွဲ့စည်းဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသည့် မြို့နယ်ပါတီ ဥက္ကဌများက ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက် လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက လိုအပ်သည်များ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ယနေ့ ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ဦးကျော်စန်း၊ဦးသန်းစိုးမြင့်၊ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊စဥ့်ကိုင်၊မြစ်သားမြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊စုစုပေါင်းအင်အား ၆၀ဦး တက်ရောက်ခဲ့ပါသည်။