ကင္ဂ်ဳံအြန္ႏွင့္သမီး ဒုံးပစ္ေလာင္ခ်ာ စက္႐ုံကို စစ္ေဆးၾကည့္ရႈေနသည့္ ဓာတ္ပုံထြက္ေပၚ

ဇန္နဝါရီလ ၈

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္ႏွင့္ ၎၏သမီးအေနျဖင့္ ဒုံးပစ္ေလာင္ခ်ာစက္႐ုံကို စစ္ေဆးၾကည့္ရႈေနသည့္ဓာတ္ပုံ ထြက္ေပၚလာေၾကာင္း သိရသည္။

အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ပူးတြဲစစ္ေရးေလ့က်င့္မႈေၾကာင့္ ကိုရီးယား ကၽြန္းဆြယ္တြင္ တင္းမာမႈမ်ား ျမင့္တက္လာစဥ္ အဆိုပါဓာတ္ပုံ ထြက္ေပၚလာျခင္းျဖစ္သည္။

ကင္ဂ်ဳံအြန္ႏွင့္သမီးတို႔ အေနျဖင့္ အျမင့္ပ်ံ ဒုံးက်ည္မ်ားအတြက္ ဒုံးပစ္ေလာင္ခ်ာမ်ား ထုတ္လုပ္ေနမႈကို စစ္ေဆးၾကည့္ရႈျခင္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယားနိုင္ငံပိုင္ KCNAသတင္းဌာနက ေဖာ္ျပထားသည္။

ကင္ဂ်ဳံအြန္အေနျဖင့္ မည္သည့္အခါမၽွ ၿပီးဆုံးမည္မဟုတ္သည့္ အဟန႔္အတားအတြက္ နည္းဗ်ဴဟာႏွင့္ မဟာဗ်ဴဟာေျမာက္ ဒုံးက်ည္မ်ားကိုပစ္လႊတ္နိုင္ေသာ ဒုံးပစ္ေလာင္ခ်ာစက္႐ုံ၏ အေရးပါမႈကို အေလးထားေျပာေၾကာင္း သတင္းဌာနက ဆက္လက္ေဖာ္ျပထားသည္။

ေျမာက္ကိုရီးယားနိုင္ငံႏွင့္ ေတာင္ကိုရီးယားနိုင္ငံတို႔ၾကား ဆက္ဆံေရးသည္ လုံးဝကို ရန္ဘက္မ်ားသဖြယ္ ျဖစ္သြားၿပီျဖစ္ေၾကာင္းႏွင့္ လက္ေတြ႕သေဘာ အရဆိုလၽွင္ ႏွစ္နိုင္ငံၾကား စစ္ျဖစ္ေနေၾကာင္း ကင္ဂ်ဳံအြန္က ေျပာထားသည္ဟု သိရသည္။

===============

ကင်ဂျုံအွန်နှင့်သမီး ဒုံးပစ်လောင်ချာ စက်ရုံကို စစ်ဆေးကြည့်ရှုနေသည့် ဓာတ်ပုံထွက်ပေါ်

ဇန်နဝါရီလ ၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ၎င်း၏သမီးအနေဖြင့် ဒုံးပစ်လောင်ချာစက်ရုံကို စစ်ဆေးကြည့်ရှုနေသည့်ဓာတ်ပုံ ထွက်ပေါ်လာကြောင်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာစဉ် အဆိုပါဓာတ်ပုံ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကင်ဂျုံအွန်နှင့်သမီးတို့ အနေဖြင့် အမြင့်ပျံ ဒုံးကျည်များအတွက် ဒုံးပစ်လောင်ချာများ ထုတ်လုပ်နေမှုကို စစ်ဆေးကြည့်ရှုခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNAသတင်းဌာနက ဖော်ပြထားသည်။

ကင်ဂျုံအွန်အနေဖြင့် မည်သည့်အခါမျှ ပြီးဆုံးမည်မဟုတ်သည့် အဟန့်အတားအတွက် နည်းဗျူဟာနှင့် မဟာဗျူဟာမြောက် ဒုံးကျည်များကိုပစ်လွှတ်နိုင်သော ဒုံးပစ်လောင်ချာစက်ရုံ၏ အရေးပါမှုကို အလေးထားပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးသည် လုံးဝကို ရန်ဘက်များသဖွယ် ဖြစ်သွားပြီဖြစ်ကြောင်းနှင့် လက်တွေ့သဘော အရဆိုလျှင် နှစ်နိုင်ငံကြား စစ်ဖြစ်နေကြောင်း ကင်ဂျုံအွန်က ပြောထားသည်ဟု သိရသည်။