ပန်းတနော် ဒီဇင်ဘာ ၂၅
============
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး၊ ဧရာဝတီတိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာသန်းထွန်း မအူပင်ခရိုင်၊ မအူပင်၊ ညောင်တုန်း၊ပန်းတနော်၊ဓနုဖြူမြို့နယ်များမှ ကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့်တွေ့ဆုံ
ပန်းတနော် ဒီဇင်ဘာ ၂၅
၂၅.၁၂.၂၀၂၃နေ့နံနက်၉း၃၀တွင်ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် ဗိုလ်မြတ်ထွန်းဧည့်ရိပ်သာတွင် ဗဟိုအတွင်းရေးမှူး၊ဧရာဝတီတိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာသန်းထွန်း၊တိုင်းပါတီကော်မတီဝင်ဦးအောင်မြင့်သိန်း(မီဒီယာ)တို့သည်မအူပင်ခရိုင်၊မအူပင်၊ညောင်တုန်း၊ပန်းတနော်၊ဓနုဖြူမြို့နယ်များမှကော်မတီဝင်များ၊အရံကော်မတီဝင် (၄၂)ဦးဖြင့်တွေ့ဆုံခဲ့ရာ ဗဟိုအတွင်းရေးမှုးမှပါတီခေါင်းဆောင်များသည် အများနှင်ဆက်ဆံရသူများဖြစ်၍ဝတ်စားဆင်ယင်မှု့သတိပြုရန်၊ပါတီ၏ရည်မှန်းချက်၊ဖွဲ့စည်းမှု့မှန်ကန်၍လူမှန်နေရာမှန်ဖြစ်ရေး၊တာဝန်ယူမှု့တာဝန်ခံမှု့တို့ဖြင့်ပါတီကပေးအပ်သောညွှန်ကြားချက်များအကောင်အထည်ဖေါ်ဆောင်ရန်၊ယနေ့တွင် မီဒီထောင်ခြောက်၏မှိုင်းတွင်မိနေမှု့များအားပြည်သူများသိရှိသဘောပေါက်အောင်မိမိတို့ပြောဆိုတတ်ရန်၊ယနေ့ဖြစ်ပျက်နေသောနိုင်ငံရေး အခြေအမှန်ကိုသုံးသပ်ရန်လိုကြောင်း ပြောကြားခဲ့ပြီးတက်ရောက်လာသောခရိုင်၊(၄)မြို့နယ်မှ မရှင်းလင်းသည်များကိုဆွေးနွေးကာနေ့လည် ၁၁း၁၀တွင်အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်