လူငယ္ေတြ႕ဆုံပြဲျပဳလုပ္
ကေလာ ဒီဇင္ဘာ ၁၀
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ၿမိဳ႕နယ္ပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္ (လူငယ္ေရးရာတာဝန္ခံ) ေဒါက္တာေအာင္ျမတ္ဦး၊ ဗဟိုအလုပ္အမႈေဆာင္ ေအာက္ျမန္မာျပည္ (လူငယ္ေရးရာတာဝန္ခံ) ေဒၚသိဂႌဝင္းေရႊ တို႔သည္ ကေလာၿမိဳ႕နယ္ပါတီဥကၠ႒ ဦးစံေဌး၊ အတြင္းေရးမႉး ဦးခြန္ထြန္းျဖဴ ၊လူငယ္ေရးရာ တာဝန္ခံ ကိုေနရွိန္းစိုး ႏွင့္အတူ ပါတီဝင္လူငယ္မ်ား၊ First Time Voter လူငယ္မ်ားႏွင့္ ယေန႔ေန႔လယ္(၂:၀၀)နာရီမွ ညေန (၃:၃၀)နာရီထိ ေတြ႕ဆုံခဲ့ေၾကာင္းသိရွိရပါသည္။
ေဆြးေႏြးပြဲတြင္ ေဒါက္တာေအာင္ျမတ္ဦးမွ လက္ရွိနိုင္ငံေရးအေျခအေနႏွင့္ လူငယ္မ်ားအေၾကာင္း၊ အစိမ္းေရာင္စီမံခ်က္ႏွင့္ ပတ္သတ္သည့္ ရည္ရြယ္ခ်က္ ၊ ရည္မွန္းခ်က္မ်ားကို ရွင္းလင္းေဆြးေႏြးၿပီး ေဒၚသိဂႌဝင္းေရႊ မွ အနာဂတ္လူငယ္မ်ားအတြက္ မိမိတို႔ပါတီမွ ရည္မွန္းခ်က္ ၊ ရည္ရြယ္ခ်က္မ်ားကိုရွင္းလင္းျခင္းမ်ားျပဳလုပ္ကာ တက္ေရာက္လာသည့္လူငယ္မ်ားမွလည္း တစ္ဦးခ်င္းစီ အျပန္အလွန္ ေဆြးေႏြးတင္ျပၾကေၾကာင္း သိရွိရပါသည္။
*******************
လူငယ်တွေ့ဆုံပွဲပြုလုပ်
=================
ကလော ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှုဆောင် အောက်မြန်မာပြည် (လူငယ်ရေးရာတာဝန်ခံ) ဒေါ်သိင်္ဂီဝင်းရွှေ တို့သည် ကလောမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစံဌေး၊ အတွင်းရေးမှူး ဦးခွန်ထွန်းဖြူ ၊လူငယ်ရေးရာ တာဝန်ခံ ကိုနေရှိန်းစိုး နှင့်အတူ ပါတီဝင်လူငယ်များ၊ First Time Voter လူငယ်များနှင့် ယနေ့နေ့လယ်(၂:၀၀)နာရီမှ ညနေ (၃:၃၀)နာရီထိ တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။
ဆွေးနွေးပွဲတွင် ဒေါက်တာအောင်မြတ်ဦးမှ လက်ရှိနိုင်ငံရေးအခြေအနေနှင့် လူငယ်များအကြောင်း၊ အစိမ်းရောင်စီမံချက်နှင့် ပတ်သတ်သည့် ရည်ရွယ်ချက် ၊ ရည်မှန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး ဒေါ်သိင်္ဂီဝင်းရွှေ မှ အနာဂတ်လူငယ်များအတွက် မိမိတို့ပါတီမှ ရည်မှန်းချက် ၊ ရည်ရွယ်ချက်များကိုရှင်းလင်းခြင်းများပြုလုပ်ကာ တက်ရောက်လာသည့်လူငယ်များမှလည်း တစ်ဦးချင်းစီ အပြန်အလှန် ဆွေးနွေးတင်ပြကြကြောင်း သိရှိရပါသည်။