ဒီဇင်ဘာ ၅၊ နေပြည်တော်
==============
ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယမြောက်နေ့ နေ့ဆွမ်းဆက်ကပ် လှူဒါန်း
=======================
ဒီဇင်ဘာ ၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဦးပိုက်ထွေး၊ ဦးသူရိန်ဇော်တို့နှင့်အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေကြသော သံဃာတော်အရှင်သူမြတ်များအား ပါတီမှလှူဒါန်းသော ဒုတိယမြောက်နေ့ နေ့ဆွမ်းအလှူကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေဖြင့် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် နေ့ဆွမ်းအလှူကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှစတင်ပြီး (၇)ရက်နေ့ထိ ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။