အီရန္တပ္မေတာ္က ဂါဇာေဒသခံမ်ားကို ေဆးဘက္ဆိုင္ရာအကူအညီမ်ား ေပးအပ္မည္

နိုဝင္ဘာ ၂၈

အီရန္တပ္မေတာ္က ဂါကမ္းေျမာင္ေဒသရွိ ျပည္သူမ်ားအား ေဆးဘက္ဆိုင္ရာအကူအညီမ်ား ေပးအပ္ရန္ အသင့္ရွိေၾကာင္း အီရန္တပ္မ ေတာ္ ထိပ္တန္းတပ္မႉးတစ္ဦးက နိုဝင္ဘာ ၂၆ ရက္တြင္ ေျပာၾကားခဲ့သည္ဟု တရားဝင္သတင္း ေအဂ်င္စီ IRNA ၏ သတင္း တစ္ရပ္အရ သိရသည္။

အီရန္တပ္မေတာ္ ထိပ္တန္းတပ္မႉး Abdolrahim Mousavi သည္ ၎အကူအညီေပးေရးတာဝန္ထမ္းေဆာင္မည့္ ၿမိဳ႕ေတာ္ တီဟီရန္ရွိ AJA (အစၥလာမၼစ္သမၼတနိုင္ငံ) တပ္မေတာ္ ေဆးသိပၸံတကၠသိုလ္မွ ေက်ာင္းသားမ်ားႏွင့္ သူနာျပဳမ်ားအား ဂုဏ္ျပဳအမွာစကား ေျပာၾကား ခဲ့သည္။

“ဂါဇာကမ္းေျမာင္ရွိ ပါလက္စတိုင္းျပည္သူေတြကို ေဆးဝါးဆိုင္ရာ အကူအညီေပးဖို႔ အဆင္ သင့္ျဖစ္ေနေၾကာင္း အီရန္အာဏာပိုင္ေတြနဲ႔ နိုင္ငံ တကာအဖြဲ႕အစည္းေတြကို အေၾကာင္းၾကားထားပါတယ္” ဟု ၎က ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ သီတင္းပတ္က စစ္ေဘးသင့္ ဂါဇာကမ္းေျမာင္သို႔ ေစတနာ့ဝန္ထမ္းသမားေတာ္မ်ားႏွင့္ သူနာ ျပဳမ်ားအား ေစလႊတ္ရန္ အဆင္သင့္ျဖစ္ေနၿပီဟု အီရန္ က်န္းမာေရးဝန္ႀကီး Bahram Einollahi က မွတ္ခ်က္ျပဳ ေျပာၾကားသည္။

ဟားမတ္စ္ႏွင့္ အစၥေရးတို႔သည္ ဂါဇာကမ္း ေျမာင္ေဒသတြင္ ေလးရက္ၾကာ အပစ္အခတ္ ရပ္စဲေရးအတြက္ ယခုသီတင္းပတ္အေစာပိုင္းတြင္ သေဘာတူညီခ်က္တစ္ရပ္ရရွိခဲ့သည္။ ၎ သေဘာတူညီခ်က္အရ ဟားမတ္စ္သည္ အစၥေရးတြင္ ထိန္းသိမ္းခံထားရေသာ ပါလက္စတိုင္းအက်ဥ္းသား ၁၅၀ ခန႔္ကို လဲ လွယ္ရန္အတြက္ ဂါဇာမွ အစၥေရးသုံ႔ပန္း ၅၀ ထက္မနည္းကို လႊတ္ေပးမည္ျဖစ္သည္။

==============

အီရန်တပ်မတော်က ဂါဇာဒေသခံများကို ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်မည်

နိုဝင်ဘာ ၂၈

အီရန်တပ်မတော်က ဂါကမ်းမြောင်ဒေသရှိ ပြည်သူများအား ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း အီရန်တပ်မ တော် ထိပ်တန်းတပ်မှူးတစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု တရားဝင်သတင်း အေဂျင်စီ IRNA ၏ သတင်း တစ်ရပ်အရ သိရသည်။

အီရန်တပ်မတော် ထိပ်တန်းတပ်မှူး Abdolrahim Mousavi သည် ၎င်းအကူအညီပေးရေးတာဝန်ထမ်းဆောင်မည့် မြို့တော် တီဟီရန်ရှိ AJA (အစ္စလာမ္မစ်သမ္မတနိုင်ငံ) တပ်မတော် ဆေးသိပ္ပံတက္ကသိုလ်မှ ကျောင်းသားများနှင့် သူနာပြုများအား ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့သည်။

“ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းပြည်သူတွေကို ဆေးဝါးဆိုင်ရာ အကူအညီပေးဖို့ အဆင် သင့်ဖြစ်နေကြောင်း အီရန်အာဏာပိုင်တွေနဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေကို အကြောင်းကြားထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က စစ်ဘေးသင့် ဂါဇာကမ်းမြောင်သို့ စေတနာ့ဝန်ထမ်းသမားတော်များနှင့် သူနာ ပြုများအား စေလွှတ်ရန် အဆင်သင့်ဖြစ်နေပြီဟု အီရန် ကျန်းမာရေးဝန်ကြီး Bahram Einollahi က မှတ်ချက်ပြု ပြောကြားသည်။

ဟားမတ်စ်နှင့် အစ္စရေးတို့သည် ဂါဇာကမ်း မြောင်ဒေသတွင် လေးရက်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုသီတင်းပတ်အစောပိုင်းတွင် သဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။ ၎င်း သဘောတူညီချက်အရ ဟားမတ်စ်သည် အစ္စရေးတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ခန့်ကို လဲ လှယ်ရန်အတွက် ဂါဇာမှ အစ္စရေးသုံ့ပန်း ၅၀ ထက်မနည်းကို လွှတ်ပေးမည်ဖြစ်သည်။