ေျမာက္ကိုရီးယားက ေတာင္ကိုရီးယားနဲ႔စစ္ေရးသေဘာတူညီခ်က္ကို ရပ္ဆိုင္း
စစ္ေရးတင္းမာမႈေတြေလၽွာ့ခ်နိုင္ေရးအတြက္ ေတာင္ကိုရီးယားနိုင္ငံနဲ႔ရရွိထားတဲ့ ငါးႏွစ္ၾကာ စစ္ေရးသေဘာတူညီခ်က္ကို ရပ္ဆိုင္းလိုက္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ၾကာသပေတးေန႔(နိုဝင္ဘာ ၂၃) မွာ ေျပာဆိုေၾကာင္း ယြန္ဟပ္သတင္းဌာနက ေဖာ္ျပပါတယ္။
ျပဳံယမ္းရဲ့ေထာက္လွမ္းေရးၿဂိဳဟ္တု လႊတ္တင္လိုက္မႈအၿပီး ႏွစ္နိုင္ငံ အျပန္အလွန္ တုန႔္ျပန္လာၾကတာျဖစ္ပါတယ္။
ေကာင္းကင္မွာ ေစာင့္ၾကည့္ေရးမ်က္လုံးသစ္ လႊတ္တင္ခဲ့ၿပီးေနာက္ ဂူအမ္အေျခစိုက္ အေမရိကန္စစ္တပ္ရဲ့ပုံရိပ္ေတြအေပၚ ေခါင္းေဆာင္ ကင္ဂ်ဳံအြန္က စစ္ေဆးသုံးသပ္မႈ လုပ္ခဲ့ၿပီျဖစ္တယ္လို႔နိုင္ငံပိုင္ မီဒီယာက ထုတ္လႊင့္ခဲ့ပါတယ္။ ယင္းထုတ္လႊင့္ခ်က္အၿပီးမွာပဲ န်ဴလက္နက္ပိုင္ ေျမာက္ကိုရီးယားရဲ့ ကာကြယ္ေရးဝန္ႀကီး႒ာနက စစ္ေရးသေဘာတူညီခ်က္ရပ္ဆိုင္းေၾကာင္း ထုတ္ျပန္လာတာပါ။
အဂၤါေန႔က ေျမာက္ကိုးရီးယားရဲ့ ေထာက္လွမ္းေရးၿဂိဳဟ္တု လႊတ္တင္ခဲ့မႈဟာ ကုလသမဂရဲ့ ပိတ္ပင္တားျမစ္ခ်က္ေတြအေပၚ ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ေတြက ရႈတ္ခ်ခဲ့ပါတယ္။ ဒါ့အျပင္ ကိုးရီးယားကၽြန္းဆြယ္ တင္းမာမႈေတြ ေျပေလ်ာ့ေစေရး ရည္ရြယ္တဲ့ ၂၀၁၈ ခုႏွစ္ စစ္ေရးသေဘာတူညီခ်က္ တစ္စိတ္တစ္ပိုင္းကို ရပ္ဆိုင္းလိုက္တယ္လို႔ ေတာင္ကိုရီးယားက ဗုဒၶဟူးေန႔မွာ ေျပာဆိုခဲ့ပါတယ္။
Ref:CNA
==================
မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့စစ်ရေးသဘောတူညီချက်ကို ရပ်ဆိုင်း
စစ်ရေးတင်းမာမှုတွေလျှော့ချနိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံနဲ့ရရှိထားတဲ့ ငါးနှစ်ကြာ စစ်ရေးသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရက ကြာသပတေးနေ့(နိုဝင်ဘာ ၂၃) မှာ ပြောဆိုကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။
ပြုံယမ်းရဲ့ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်လိုက်မှုအပြီး နှစ်နိုင်ငံ အပြန်အလှန် တုန့်ပြန်လာကြတာဖြစ်ပါတယ်။
ကောင်းကင်မှာ စောင့်ကြည့်ရေးမျက်လုံးသစ် လွှတ်တင်ခဲ့ပြီးနောက် ဂူအမ်အခြေစိုက် အမေရိကန်စစ်တပ်ရဲ့ပုံရိပ်တွေအပေါ် ခေါင်းဆောင် ကင်ဂျုံအွန်က စစ်ဆေးသုံးသပ်မှု လုပ်ခဲ့ပြီဖြစ်တယ်လို့နိုင်ငံပိုင် မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။ ယင်းထုတ်လွှင့်ချက်အပြီးမှာပဲ နျူလက်နက်ပိုင် မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စစ်ရေးသဘောတူညီချက်ရပ်ဆိုင်းကြောင်း ထုတ်ပြန်လာတာပါ။
အင်္ဂါနေ့က မြောက်ကိုးရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခဲ့မှုဟာ ကုလသမဂရဲ့ ပိတ်ပင်တားမြစ်ချက်တွေအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေက ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ကိုးရီးယားကျွန်းဆွယ် တင်းမာမှုတွေ ပြေလျော့စေရေး ရည်ရွယ်တဲ့ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ရပ်ဆိုင်းလိုက်တယ်လို့ တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။
Ref:CNA