ကာတာကမၻာ့ဖလားတြင္ မက္ဆီဝတ္ဆင္ခဲ့သည့္ ဂ်ာစီအကၤ်ီ ၆ ထည္ ေလလံတင္မည္

နိုဝင္ဘာ ၂၁

လီယိုမက္ဆီရဲ့ ကာတာကမၻာ့ဖလားမွာ ဝတ္ဆင္ခဲ့တဲ့ အာဂ်င္တီးနားဂ်ာစီေတြကို နယူးေယာက္ၿမိဳ႕ Sotheby မွာ မၾကာမီ ေလလံတင္ ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။

စုစုေပါင္းကာတာမွာ ဝတ္ဆင္ခဲ့ ဂ်ာစီ (၆) ထည္ကို ေလလံတင္မွာျဖစ္ၿပီး ေပါင္ (၈) သန္းခန္႔ ရရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

ေလလံကရရွိတဲ့ ေငြေတြထဲက တစ္စိတ္တစ္ပိုင္းကို ရွားပါးေရာဂါခံစားေနရတဲ့ ကေလးသူငယ္ေတြအတြက္ လႉဒါန္းသြားဖို႔ရွိၿပီး လီယိုမက္ဆီေဖာင္ေဒးရွင္းရဲ့ ပံ့ပိုးမႈနဲ႔ SJD ဘာစီလိုနာကေလးေဆး႐ုံက ဦးေဆာင္တဲ့ UNICAS ပေရာဂ်က္ကို လႉဒါန္းသြားမွာလည္းျဖစ္ပါတယ္။

ေလလံတင္ပြဲကို နိုဝင္ဘာလ ၃၀ ရက္ကေန ဒီဇင္ဘာလ ၁၄ ရက္အထိ အေမရိကန္နိုင္ငံ နယူးေယာ့ခ္ၿမိဳ႕ Sotheby မွာက်င္းပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

===================

ကာတာကမ္ဘာ့ဖလားတွင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီအင်္ကျီ ၆ ထည် လေလံတင်မည်

နိုဝင်ဘာ ၂၁

လီယိုမက်ဆီရဲ့ ကာတာကမ္ဘာ့ဖလားမှာ ဝတ်ဆင်ခဲ့တဲ့ အာဂျင်တီးနားဂျာစီတွေကို နယူးယောက်မြို့ Sotheby မှာ မကြာမီ လေလံတင် ရောင်းချသွားဖို့ ရှိနေပါတယ်။

စုစုပေါင်းကာတာမှာ ဝတ်ဆင်ခဲ့ ဂျာစီ (၆) ထည်ကို လေလံတင်မှာဖြစ်ပြီး ပေါင် (၈) သန်းခန့် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လေလံကရရှိတဲ့ ငွေတွေထဲက တစ်စိတ်တစ်ပိုင်းကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် လှူဒါန်းသွားဖို့ရှိပြီး လီယိုမက်ဆီဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ SJD ဘာစီလိုနာကလေးဆေးရုံက ဦးဆောင်တဲ့ UNICAS ပရောဂျက်ကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

လေလံတင်ပွဲကို နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Sotheby မှာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။