================
ညောင်တုန်းမြို့နယ် လူငယ်တွေ့ဆုံပွဲသို့ လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များတက်ရောက်
၉.၁၁.၂၀၂၃ နေ့ ၉ နာရီတွင် ညောင်တုန်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းဝေးခန်းမ၌ Project Cycle Management လူငယ်အကဲဖြတ်သုံးသပ်ရေးဗဟိုအဖွဲ့ ကွင်းဆင်းဆောင်ရွက်မှု့ လုပ်ငန်းစဉ်အတွက် လူငယ်တွေ့ဆုံပွဲအား ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊အောက်မြန်မာနိုင်ငံလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ တိုင်းပါတီဥက္ကဌ ဦးသိန်းထွန်း၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဒေါက်တာထိန်ဝင်း၊ တိုင်းကော်မတီ(ခရိုင်တာဝန်ခံ)ဦးသန်းထွန်း နှင့် တိုင်းကော်မတီဝင်များ၊ မအူပင်ခရိုင် ဥက္ကဌ ဦးဝင်းကျော်ကျော်နှင် ကော်မတီဝင်များ၊ ညောင်တုန်းမြို့နယ်ပါတီဥက္ကဌ ဦးစောမျိုးသီဟနှင့်ကော်မတီဝင်များ First Time Voterများ၊ပါတီဝန်းရံလူငယ်များ၊တိုင်းရင်းသားလူငယ်များ၊ပါတီအမာခံလူငယ်များ (၁၁၈)ဦး တို့ တက်ရောက်ကြပါသည်။
တက်ရောက်ကြသည့်လူငယ်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဗဟိုလူငယ်တာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့် ဒေါ်သိင်္ဂီဝင်းရွှေ၊ တိုင်းလူငယ်တာဝန်ခံဒေါက်တာထိန်ဝင်းတို့မှ ဖြေကြားပြီးနေ့လည် ၁၁၀၀ တွင်အောင်မြင်စွာတွေ့ဆုံပြီးစီးကြောင်းတင်ပြအပ်ပါသည်။