အစၥေရး – ပါလက္စတိုင္း ဂါဇာကမ္းေျမာင္ေဒသ စစ္ပြဲႏွင့္ ေနာက္းဆုံးရ ဆက္စပ္ သတင္းမ်ား
နိုဝင္ဘာ ၉
■ ေထာင္ႏွင့္ခ်ီေသာ ဂါဇာကမ္းေျမာင္မွ အရပ္ သားမ်ားသည္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းေဒသသို႔ ထြက္ေျပးေနၾကေၾကာင္း၊ ဟားမတ္စ္၏ ဥမင္လွိုဏ္ေခါင္းေပါက္ေပါင္း ၁၃၀ ကို ဖ်က္ဆီးခဲ့ၿပီး အစၥေရးတပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ဟားမတ္စ္၏ လက္နက္ႏွင့္ စစ္လက္နက္ ပစၥည္းတပ္မဌာနခ်ဳပ္ကို သတ္ျဖတ္ဖ်က္ဆီးခဲ့သည္ဟု IDF မွ ေျပာၾကားခဲ့သည္။
အီဂ်စ္ႏွင့္ ပါလက္စတိုင္း သတင္းရင္းျမစ္မ်ားက ကိုင္ရိုသည္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ယာယီအပစ္အခတ္ရပ္စဲေရး သို႔မဟုတ္ ဓားစာခံမ်ား လြတ္ေျမာက္ေရးအပါအဝင္ ေခတၱအပစ္အခတ္ဆဲရပ္ရန္ နီးကပ္လာၿပီျဖစ္ေၾကာင္း Haaretz သို႔ ေျပာၾကားခဲ့သည္။ ကာတာနိုင္ငံသည္ အစၥေရးႏွင့္ ဟားမတ္စ္တို႔အၾကား ျဖစ္နိုင္ေခ်ရွိေသာ သုံ႔ပန္း ၁၀ / ၁၅ ဦးကို လႊတ္ေပးေရးအတြက္ အျပန္အလွန္အေနျဖင့္တစ္ရက္ သို႔မဟုတ္ ႏွစ္ရက္ အပစ္အခတ္ရပ္စဲေရးရန္ ျဖစ္နိုင္ေခ်ရွိေသာ ေဆြးေႏြးပြဲမ်ားကို ေစ့စပ္ညႇိႏွိုင္းေနေၾကာင္း သိရသည္။
တနလၤာေန႔က ျပဳလုပ္ခဲ့သည့္ စကားေျပာဆိုမႈတြင္ ျဖစ္နိုင္ေျခရွိေသာ ဓားစာခံမ်ား လႊတ္ေပးေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေၾကာင္းမ်ားအတြက္ ဂါဇာကမ္းေျမာင္ေဒသတြင္ တိုက္ခိုက္ေနသည့္ “နည္းဗ်ဴဟာ ေခတၱရပ္” ရန္ ေနတန္ယာဟုကို သူ႔အေနျဖင့္ တိုက္တြန္းခဲ့သည္ဟု အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က အတည္ျပဳခဲ့သည္။
■ G7 အဖြဲ႕မွ ထိပ္တန္းသံတမန္မ်ားသည္ ဟားမတ္စ္အား ရႈတ္ခ်ခဲ့ၿပီး အစၥေရး၏ မိမိကိုယ္ကို ခုခံကာကြယ္ပိုင္ခြင့္ကို ေထာက္ခံကာ ဂါဇာကမ္းေျမာင္သို႔ အကူအညီမ်ားခြင့္ျပဳရန္ လူသားခ်င္းစာနာေထာက္ထားမႈ အပစ္အခတ္ ေခတၱရပ္ရန္ ေတာင္းဆိုခဲ့သည္။
■ စစ္ပြဲအၿပီးတြင္ ဂါဇာကမ္းေျမာင္ႏွင့္ အေနာက္ဘက္ကမ္းကို ပါလက္စတိုင္းအာဏာပိုင္မ်ားက အုပ္ခ်ဳပ္ရန္ ပါလက္စတိုင္းအာဏာပိုင္ကို ေတာင္းဆိုခဲ့ေသာ္လည္း ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရး ေတာင္းဆိုမႈမ်ားကို အေမရိကန္ နိုင္ငံျခားေရးဝန္ ႀကီး အန္တိုနီ ဘလင္းကင္က ပယ္ခ်ခဲ့သည္။
■ ေအာက္တိုဘာ ၇ ရက္က ဂါဇာကမ္းေျမာင္ ေဒသရွိ ဟားမတ္စ္၏ အစုလိုက္အျပဳံလိုက္ သတ္ ျဖတ္ခံရမႈတြင္ အၾကမ္းဖက္ခံရသူ ၈၄၃ ဦး၏ အခ်က္အလက္မ်ားကို အတည္ျပဳနိုင္ခဲ့ေၾကာင္း အစၥေရးရဲတပ္ဖြဲ႕က ေျပာသည္။
စစ္ပြဲစတင္ကတည္းက ကေလး ၄,၃၂၄ ဦး အပါအဝင္ ပါလက္စတိုင္း အနည္းဆုံး ၁၀,၅၆၉ ဦး ေသဆုံးခဲ့ေၾကာင္း ဟားမတ္စ္အဖြဲ႕က ကြပ္ကဲေနသည့္ ဂါဇာက်န္းမာေရးဝန္ႀကီးဌာနက အစီရင္ခံတင္ျပထားသည္။
■ ဂါဇာကမ္းေျမာင္ေဒသရွိ Al Quds ေဆး႐ုံသည္ ေလာင္စာဆီျပတ္လပ္မႈႏွင့္ ရင္ဆိုင္ေနရၿပီး ဗုဒၶဟူးေန႔တြင္ ေလာင္စာကုန္သြားဖြယ္ရွိေၾကာင္း ပါလက္စတိုင္းလျခမ္းနီအဖြဲ႕က ေျပာၾကားခဲ့သည္။ ေအာက္တိုဘာ ၇ ရက္ကတည္းက ဂါဇာရွိ က်န္းမာ ေရးေစာင့္ေရွာက္မႈ အေဆာက္အအုံမ်ားအေပၚ တိုက္ခိုက္မႈ ၁၀၈ ခုကို မွတ္တမ္းတင္ထားသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕မွ ေျပာၾကားခဲ့သည္။
■ New York Times ႏွင့္ အင္တာဗ်ဴးတြင္ ဟားမတ္စ္ေခါင္းေဆာင္မ်ားက ေအာက္တိုဘာ ၇ ရက္ တိုက္ခိုက္မႈကို ေအာင္ျမင္သည္ဟု ယူဆေၾကာင္း ေျပာၾကားခဲ့သည္။ ပါလက္စတိုင္းျပႆနာသည္ စားပြဲေပၚျပန္တက္လာၿပီး ယခုအခါ ေဒသတြင္း၌ မည္သူမၽွ ၿငိမ္သက္ျခင္းမရွိေၾကာင္း ထိပ္တန္းေခါင္းေဆာင္တစ္ဦးျဖစ္သူ Khalil al-Hayya က ေျပာၾကားခဲ့သည္။
■ ေျမာက္ဘက္တြင္ အစၥေရးစစ္တပ္ႏွင့္ Hezbollah တို႔သည္ အစၥေရး – လက္ဘႏြန္နယ္စပ္ကိုျဖတ္၍ စစ္ပြဲ ဆက္လက္ျဖစ္ပြားခဲ့သည္။ တင့္ ကားပစ္ ဒုံးက်ည္ပစ္ခတ္မႈေၾကာင့္ စစ္သားႏွစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း အစၥေရးစစ္တပ္ IDF မွ ေျပာၾကားခဲ့သည္။
■ အေနာက္ဘက္ကမ္းတြင္ အလိုရွိေနေသာ ပါလက္စတိုင္း ၃၇ ဦးကို ညတြင္းခ်င္း ဖမ္းဆီးခဲ့ေၾကာင္း အစၥေရးလုံျခဳံေရးတပ္ဖြဲ႕မ်ားက ေျပာၾကားခဲ့ၿပီး ၎တို႔ထဲမွ ၁၀ ဦးကို ဟားမတ္စ္အဖြဲ႕မွ အဖြဲ႕ဝင္မ်ားအျဖစ္ ေဖာ္ထုတ္ခဲ့သည္။ အေနာက္ဘက္ကမ္းတြင္ အစၥေရးတပ္ဖြဲ႕မ်ားႏွင့္ ထိပ္တိုက္ ေတြ႕ဆုံမႈအတြင္း ပါလက္စတိုင္းကိုးဦး ဒဏ္ရာရခဲ့ေၾကာင္း လျခမ္းနီအဖြဲ႕မွ ေျပာၾကားခဲ့သည္။
■ ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရးစစ္တပ္ IDF ၏ လုပ္ရပ္မ်ားကို ဆန႔္က်င္သည့္ ဆႏၵျပပြဲမ်ားကို တားျမစ္ရန္ အစၥေရးရဲ၏ ဆုံးျဖတ္ခ်က္ကို အစၥေရးတရား႐ုံးခ်ဳပ္က ပယ္ခ်လိုက္ပါသည္။ “ဆႏၵျပခြင့္ရဲ့ ျမင့္မားတဲ့ ရပ္တည္မႈေတြရွိေပမဲ့၊ ကၽြန္ေတာ္တို႔ ကိုယ္တိုင္ေတြ႕ေနရတဲ့ ရႈပ္ေထြးေသာ ျဖစ္ရပ္မွန္က ဟန္ခ်က္ညီမႈအေပၚ ကၽြန္ုပ္တို႔ကိုယ္တိုင္ အက်ိဳးသက္ေရာက္မႈရွိသည္ကို ကၽြန္ုပ္တို႔ ေတြ႕ရွိရတယ္” ဟု ဆုံးျဖတ္ခ်က္တြင္ ေဖာ္ျပထားသည္။
Source; Haaretz News
=================
အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲနှင့် နောက်းဆုံးရ ဆက်စပ် သတင်းများ
နိုဝင်ဘာ ၉
■ ထောင်နှင့်ချီသော ဂါဇာကမ်းမြောင်မှ အရပ် သားများသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းဒေသသို့ ထွက်ပြေးနေကြကြောင်း၊ ဟားမတ်စ်၏ ဥမင်လှိုဏ်ခေါင်းပေါက်ပေါင်း ၁၃၀ ကို ဖျက်ဆီးခဲ့ပြီး အစ္စရေးတပ်မတော်က လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်၏ လက်နက်နှင့် စစ်လက်နက် ပစ္စည်းတပ်မဌာနချုပ်ကို သတ်ဖြတ်ဖျက်ဆီးခဲ့သည်ဟု IDF မှ ပြောကြားခဲ့သည်။
အီဂျစ်နှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များက ကိုင်ရိုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး သို့မဟုတ် ဓားစာခံများ လွတ်မြောက်ရေးအပါအဝင် ခေတ္တအပစ်အခတ်ဆဲရပ်ရန် နီးကပ်လာပြီဖြစ်ကြောင်း Haaretz သို့ ပြောကြားခဲ့သည်။ ကာတာနိုင်ငံသည် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်နိုင်ချေရှိသော သုံ့ပန်း ၁၀ / ၁၅ ဦးကို လွှတ်ပေးရေးအတွက် အပြန်အလှန်အနေဖြင့်တစ်ရက် သို့မဟုတ် နှစ်ရက် အပစ်အခတ်ရပ်စဲရေးရန် ဖြစ်နိုင်ချေရှိသော ဆွေးနွေးပွဲများကို စေ့စပ်ညှိနှိုင်းနေကြောင်း သိရသည်။
တနင်္လာနေ့က ပြုလုပ်ခဲ့သည့် စကားပြောဆိုမှုတွင် ဖြစ်နိုင်ခြေရှိသော ဓားစာခံများ လွှတ်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းများအတွက် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်နေသည့် “နည်းဗျူဟာ ခေတ္တရပ်” ရန် နေတန်ယာဟုကို သူ့အနေဖြင့် တိုက်တွန်းခဲ့သည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြုခဲ့သည်။
■ G7 အဖွဲ့မှ ထိပ်တန်းသံတမန်များသည် ဟားမတ်စ်အား ရှုတ်ချခဲ့ပြီး အစ္စရေး၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံကာ ဂါဇာကမ်းမြောင်သို့ အကူအညီများခွင့်ပြုရန် လူသားချင်းစာနာထောက်ထားမှု အပစ်အခတ် ခေတ္တရပ်ရန် တောင်းဆိုခဲ့သည်။
■ စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းကို ပါလက်စတိုင်းအာဏာပိုင်များက အုပ်ချုပ်ရန် ပါလက်စတိုင်းအာဏာပိုင်ကို တောင်းဆိုခဲ့သော်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများကို အမေရိကန် နိုင်ငံခြားရေးဝန် ကြီး အန်တိုနီ ဘလင်းကင်က ပယ်ချခဲ့သည်။
■ အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင် ဒေသရှိ ဟားမတ်စ်၏ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခံရမှုတွင် အကြမ်းဖက်ခံရသူ ၈၄၃ ဦး၏ အချက်အလက်များကို အတည်ပြုနိုင်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။
စစ်ပွဲစတင်ကတည်းက ကလေး ၄,၃၂၄ ဦး အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၁၀,၅၆၉ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ကွပ်ကဲနေသည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံတင်ပြထားသည်။
■ ဂါဇာကမ်းမြောင်ဒေသရှိ Al Quds ဆေးရုံသည် လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ဗုဒ္ဓဟူးနေ့တွင် လောင်စာကုန်သွားဖွယ်ရှိကြောင်း ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာရှိ ကျန်းမာ ရေးစောင့်ရှောက်မှု အဆောက်အအုံများအပေါ် တိုက်ခိုက်မှု ၁၀၈ ခုကို မှတ်တမ်းတင်ထားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောကြားခဲ့သည်။
■ New York Times နှင့် အင်တာဗျူးတွင် ဟားမတ်စ်ခေါင်းဆောင်များက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို အောင်မြင်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းပြဿနာသည် စားပွဲပေါ်ပြန်တက်လာပြီး ယခုအခါ ဒေသတွင်း၌ မည်သူမျှ ငြိမ်သက်ခြင်းမရှိကြောင်း ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Khalil al-Hayya က ပြောကြားခဲ့သည်။
■ မြောက်ဘက်တွင် အစ္စရေးစစ်တပ်နှင့် Hezbollah တို့သည် အစ္စရေး – လက်ဘနွန်နယ်စပ်ကိုဖြတ်၍ စစ်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်။ တင့် ကားပစ် ဒုံးကျည်ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးစစ်တပ် IDF မှ ပြောကြားခဲ့သည်။
■ အနောက်ဘက်ကမ်းတွင် အလိုရှိနေသော ပါလက်စတိုင်း ၃၇ ဦးကို ညတွင်းချင်း ဖမ်းဆီးခဲ့ကြောင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ပြောကြားခဲ့ပြီး ၎င်းတို့ထဲမှ ၁၀ ဦးကို ဟားမတ်စ်အဖွဲ့မှ အဖွဲ့ဝင်များအဖြစ် ဖော်ထုတ်ခဲ့သည်။ အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံမှုအတွင်း ပါလက်စတိုင်းကိုးဦး ဒဏ်ရာရခဲ့ကြောင်း လခြမ်းနီအဖွဲ့မှ ပြောကြားခဲ့သည်။
■ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ် IDF ၏ လုပ်ရပ်များကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို တားမြစ်ရန် အစ္စရေးရဲ၏ ဆုံးဖြတ်ချက်ကို အစ္စရေးတရားရုံးချုပ်က ပယ်ချလိုက်ပါသည်။ “ဆန္ဒပြခွင့်ရဲ့ မြင့်မားတဲ့ ရပ်တည်မှုတွေရှိပေမဲ့၊ ကျွန်တော်တို့ ကိုယ်တိုင်တွေ့နေရတဲ့ ရှုပ်ထွေးသော ဖြစ်ရပ်မှန်က ဟန်ချက်ညီမှုအပေါ် ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးသက်ရောက်မှုရှိသည်ကို ကျွန်ုပ်တို့ တွေ့ရှိရတယ်” ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
Source; Haaretz News