2024 E Sport ကမၻာ့ဖလားကို ေဆာ္ဒီမိတ္ဆက္

ေအာက္တိုဘာ ၂၅

ပထမဆုံးအႀကိမ္အျဖစ္ က်င္းပမည့္ E Sport ကမၻာ့ဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး မိတ္ဆက္ပြဲကို ေဆာ္ဒီနိုင္ငံ ရီယာ့ဒ္ၿမိဳ႕မွာ ယမန္ေန႔ကျပဳလုပ္ခဲ့ပါသည္။

E Sport ၿပိဳင္ပြဲသမိုင္းမွာ ဆုေၾကးအျမင့္ဆုံး ၿပိဳင္ပြဲျဖစ္လာမည့္ 2024 E Sport ကမၻာ့ဖလားၿပိဳင္ပြဲကို ၂၀၂၄ ေႏြရာသီ ရီယာ့ဒ္ၿမိဳ႕မွာ က်င္းပသြားမည္ျဖစ္ပါသည္။

မိတ္ဆက္ပြဲအခမ္းအနားကို ကမၻာ့ေဘာလုံး အဖြဲ႕ခ်ဳပ္ (ဖီဖာ)ဥကၠ႒ အင္ဖန္တီနိုနဲ႔ ေဆာ္ဒီကလပ္ အယ္နာဆာအသင္းတိုက္စစ္မႉး ေရာ္နယ္ဒိုတို႔ တက္ေရာက္လာခဲ့ၾကသည္။

ကမၻာ့နိုင္ငံအသီးသီးက E Sport ကလပ္အသင္းေတြဟာ ကမၻာ့ခ်န္ပီယံျဖစ္လာဖို႔အတြက္ ဂိမ္း အမ်ိဳးအစားအမ်ိဳးမ်ိဳးကို ယွဥ္ၿပိဳင္ၾကရမွာျဖစ္တယ္လို႔ ေဆာ္ဒီ E Sport အဖြဲ႕ခ်ဳပ္ဥကၠ႒ ဖိုင္ဆယ္ဘင္ဘန္ဒါက ေျပာသြားခဲ့ေၾကာင္း သိရပါသည္။

=======================

2024 E Sport ကမ္ဘာ့ဖလားကို ဆော်ဒီမိတ်ဆက်

အောက်တိုဘာ ၂၅

ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် E Sport ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး မိတ်ဆက်ပွဲကို ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ ယမန်နေ့ကပြုလုပ်ခဲ့ပါသည်။

E Sport ပြိုင်ပွဲသမိုင်းမှာ ဆုကြေးအမြင့်ဆုံး ပြိုင်ပွဲဖြစ်လာမည့် 2024 E Sport ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၄ နွေရာသီ ရီယာ့ဒ်မြို့မှာ ကျင်းပသွားမည်ဖြစ်ပါသည်။

မိတ်ဆက်ပွဲအခမ်းအနားကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ဆော်ဒီကလပ် အယ်နာဆာအသင်းတိုက်စစ်မှူး ရော်နယ်ဒိုတို့ တက်ရောက်လာခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက E Sport ကလပ်အသင်းတွေဟာ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့အတွက် ဂိမ်း အမျိုးအစားအမျိုးမျိုးကို ယှဉ်ပြိုင်ကြရမှာဖြစ်တယ်လို့ ဆော်ဒီ E Sport အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖိုင်ဆယ်ဘင်ဘန်ဒါက ပြောသွားခဲ့ကြောင်း သိရပါသည်။