UAE တြင္ က်င္းပမည့္ ABU DHABI MASTERS 2023 တြင္၀င္ေရာက္ယွဥ္ၿပိဳင္မည့္ သက္ထားသူဇာ
ေအာက္တိုဘာ ၁၇
ျမန္မာ့ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာသည္ UAE တြင္ က်င္းပမည့္ ABU DHABI MASTERS 2023 တြင္၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲကို UAE နိုင္ငံ၏ၿမိဳ႕ေတာ္ အဘူဒါဘီၿမိဳ႕တြင္ ေအာက္တိုဘာလ ၁၇ ရက္မွ ၂၂ ရက္အထိ က်င္းပမည္ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁၂၀၀၀၀ အထိ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သက္ထားသူဇာသည္ အဆိုပါၿပိဳင္ပြဲတြင္ ကမၻာ့အဆင့္သတ္မွတ္ခ်က္အရ (၃၂) ဦးအဆင့္မွစတင္ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး လက္ရည္စစ္အဆင့္မွ ေအာင္ျမင္လာမည့္ သူတစ္ဦးႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။
===================
UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာ
အောက်တိုဘာ ၁၇
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရည်စစ်အဆင့်မှ အောင်မြင်လာမည့် သူတစ်ဦးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။