အိႏၵိယနိုင္ငံက ၂၀၃၆ ခုႏွစ္ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲကို လက္ခံက်င္းပရန္ စိတ္ဝင္စားဟု ဝန္ႀကီးခ်ဳပ္မိုဒီ ေျပာၾကာ
ေအာက္တိုဘာ ၁၆
အိႏၵိယနိုင္ငံသည္ ၂၀၃၆ ခုႏွစ္ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပရန္ စိတ္ဝင္စားလ်က္ရွိေၾကာင္း အိႏၵိယနိုင္ငံဝန္ႀကီးခ်ဳပ္ မိုဒီက အတည္ျပဳေျပာၾကားခဲ့သည္။
အိႏၵိယနိုင္ငံအေနျဖင့္ အိုလံပစ္ၿပိဳင္ပြဲကို လက္ခံ က်င္းပရန္ အလြန္စိတ္ဝင္စားလ်က္ရွိေၾကာင္း ေအာက္တိုဘာ ၁၄ ရက္ ညပိုင္းက မြမ္ဘိုင္းၿမိဳ႕၌ က်င္းပသည့္ (၁၄၁)ႀကိမ္ေျမာက္ နိုင္ငံတကာအိုလံပစ္ေကာ္မတီ အစည္းအေဝးဖြင့္ပြဲအခမ္းအနား၌ မိန႔္ခြန္းေျပာၾကားရာတြင္ ဝန္ႀကီးခ်ဳပ္မိုဒီက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အိႏၵိယနိုင္ငံသည္ ၂၀၂၉ ခုႏွစ္ ေႏြရာသီလူငယ္အိုလံပစ္အားကစားၿပိဳင္ပြဲတြင္ ေလလံဆြဲရန္လည္း စိတ္ဝင္စားေနေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီက ေျပာၾကားခဲ့သည္။
ထို႔ျပင္ အိႏၵိယနိုင္ငံအား ၂၀၃၆ ခုႏွစ္ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲ က်င္းပခြင့္ရရွိေရးႏွင့္စပ္လ်ဥ္း၍ နိုင္ငံတကာအိုလံပစ္ေကာ္မတီ၏ ေထာက္ခံမႈအျပည့္ အဝရရွိလိမ့္မည္ဟုလည္း ယုံၾကည္ထားေၾကာင္း အိႏၵိယနိုင္ငံဝန္ႀကီးခ်ဳပ္ မိုဒီက အခိုင္အမာေျပာၾကားခဲ့သည္။
==============================
အိန္ဒိယနိုင်ငံက ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် စိတ်ဝင်စားဟု ဝန်ကြီးချုပ်မိုဒီ ပြောကြာ
အောက်တိုဘာ ၁၆
အိန္ဒိယနိုင်ငံသည် ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်ဝင်စားလျက်ရှိကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲကို လက်ခံ ကျင်းပရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အောက်တိုဘာ ၁၄ ရက် ညပိုင်းက မွမ်ဘိုင်းမြို့၌ ကျင်းပသည့် (၁၄၁)ကြိမ်မြောက် နိုင်ငံတကာအိုလံပစ်ကော်မတီ အစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၉ ခုနှစ် နွေရာသီလူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် လေလံဆွဲရန်လည်း စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံအား ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအိုလံပစ်ကော်မတီ၏ ထောက်ခံမှုအပြည့် အဝရရှိလိမ့်မည်ဟုလည်း ယုံကြည်ထားကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အခိုင်အမာပြောကြားခဲ့သည်။