ဝန္ထမ္းေတြကို Mate 60 ဖုန္း လက္ေဆာင္ေပးတဲ့ Huawei

Huawei ဟာ ဝန္ထမ္းေတြ အေပၚ အေပးအကမ္း ရက္ေရာတယ္လို႔ ေျပာရမွာပါ။ တ႐ုတ္က ဝန္ထမ္း အားလုံးကို Huawei က ေနာက္ဆုံးထုတ္ စြမ္းရည္ျမင့္ Mate 60 ဖုန္းေတြကို ေဆာင္းရာသီ လက္ေဆာင္အျဖစ္ ေပးလိုက္ပါတယ္။
တ႐ုတ္က Huawei ဝန္ထမ္းေတြဟာ ကုမၸဏီက ေပးတဲ့ လက္ေဆာင္ေတြရဲ့ ဓါတ္ပုံေတြကို လူမႈကြန္ရက္မွာ တင္ထားၾကၿပီး လက္ေဆာင္ေတြထဲမွာ ကုမၸဏီရဲ့ ေနာက္ဆုံးထုတ္ စြမ္းရည္ျမင့္ ဖုန္း Mate 60 ၊ ကိတ္မုန႔္၊ လက္ဖက္ရည္အိုး၊ လက္ဖက္ရည္ခြက္နဲ႔ လက္ဖက္ေျခာက္ေတြ ပါပါတယ္။
Huawei က “ ဝန္ထမ္းေတြ အလုပ္ႀကိဳးစားတာကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ Mate 60 လက္ေဆာင္ေပးတာပါ။ ဝန္ထမ္းအားလုံးကို ေက်းဇူးတင္ပါတယ္။” လို႔ ဝန္ထမ္းေတြကို ေပးတဲ့စာမွာ ေရးသားထားပါတယ္။
Huawei Mate 60 ဟာ ဒီဇိုင္း လွပမႈ၊ စြမ္းေဆာင္ရည္နဲ႔ လုပ္ေဆာင္ခ်က္ေတြ ေကာင္းမႈေၾကာင့္ လူႀကိဳက္မ်ား နာမည္ႀကီးပါတယ္။
#DigitalTimes

============================

ဝန်ထမ်းတွေကို Mate 60 ဖုန်း လက်ဆောင်ပေးတဲ့ Huawei

Huawei ဟာ ဝန်ထမ်းတွေ အပေါ် အပေးအကမ်း ရက်ရောတယ်လို့ ပြောရမှာပါ။ တရုတ်က ဝန်ထမ်း အားလုံးကို Huawei က နောက်ဆုံးထုတ် စွမ်းရည်မြင့် Mate 60 ဖုန်းတွေကို ဆောင်းရာသီ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။
တရုတ်က Huawei ဝန်ထမ်းတွေဟာ ကုမ္ပဏီက ပေးတဲ့ လက်ဆောင်တွေရဲ့ ဓါတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ထားကြပြီး လက်ဆောင်တွေထဲမှာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်း Mate 60 ၊ ကိတ်မုန့်၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ခွက်နဲ့ လက်ဖက်ခြောက်တွေ ပါပါတယ်။
Huawei က “ ဝန်ထမ်းတွေ အလုပ်ကြိုးစားတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ Mate 60 လက်ဆောင်ပေးတာပါ။ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ဝန်ထမ်းတွေကို ပေးတဲ့စာမှာ ရေးသားထားပါတယ်။
Huawei Mate 60 ဟာ ဒီဇိုင်း လှပမှု၊ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေ ကောင်းမှုကြောင့် လူကြိုက်များ နာမည်ကြီးပါတယ်။
#DigitalTimes