ဂ်႐ူးကို မန္ယူဂိုးသမား အိုနာနာထက္ပိုေကာင္းသူဟု ပရိသတ္မ်ားခ်ီးက်ဴး

ေအာက္တိုဘာ ၁၀
ဂ်ီနိုအာကိုအနိုင္ရရွိခဲ့ေသာ ၿပီးခဲ့သည့္ စီးရီးေအပြဲစဥ္တြင္ ျပင္သစ္တိုက္စစ္မႉးႀကီး အိုလီဗာဂ်႐ူးသည္ ေအစီမီလန္အတြက္ ဂိုးသမားအျဖစ္ ပါဝင္ကစားခဲ့ၿပီးေနာက္ ၎ကို ပရိသတ္မ်ားက မန္ယူဂိုးသမား အိုနာနာထက္ ပိုမိုေကာင္းမြန္သည္ဟု ဝိုင္းဝန္းခ်ီးက်ဴးေနေၾကာင္း သိရပါတယ္။
ဂ်႐ူးဟာ ဂ်ီနိုအာကို ၀-၁ ဂိုးနဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဂိုးဝင္ဖမ္းခဲ့တာလည္းျဖစ္ပါတယ္။ အဆိုပါပြဲတြင္ ထပ္ေဆာင္းအခ်ိန္ပို ၈ မိနစ္၌ ဂိုးသမားမိုက္ဂ္နန္ တိုက္ရိုက္အနီကတ္ျဖင့္ ထုတ္ပယ္ခံခဲ့ရသလို လူစားလဲမႈမွာလည္း ငါးႀကိမ္ျပည့္သြားခဲ့ၿပီျဖစ္၍ ေအစီမီလန္နည္းျပပီအိုလီသည္ ဂ်႐ူးကို ဂိုးဖမ္းရန္ တာဝန္ေပးခဲ့ကာ ၎ကလည္း အံ့မခန္း ကာကြယ္မႈကို ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။
ထို႔ေၾကာင့္လည္း ပရိသတ္မ်ားမွာ ဂ်႐ူးကို ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကျခင္းျဖစ္ၿပီး ၎တို႔က “ဂ်႐ူးဟာအိုနာနာထက္ပိုေကာင္းတယ္”ဟု ခ်ီးက်ဴးခဲ့ေၾကာင္း သိရပါတယ္။
စီးရီးေအကလည္း ဒီတစ္ပတ္အတြက္ အေကာင္းဆုံးကစားသမား (၁၁)​ ေယာက္စာရင္းကို ထုတ္ျပန္ခဲ့ရာမွာ ဂ်႐ူးကို ဂိုးသမားအျဖစ္ ထည့္သြင္းၿပီး ဒီတစ္ပတ္ရဲ့ အေကာင္းဆုံး ဂိုးသမားအျဖစ္ ေဖာ္ျပခဲ့ပါတယ္။

========================

ဂျရူးကို မန်ယူဂိုးသမား အိုနာနာထက်ပိုကောင်းသူဟု ပရိသတ်များချီးကျူး

အောက်တိုဘာ ၁၀
ဂျီနိုအာကိုအနိုင်ရရှိခဲ့သော ပြီးခဲ့သည့် စီးရီးအေပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးသည် အေစီမီလန်အတွက် ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့ပြီးနောက် ၎င်းကို ပရိသတ်များက မန်ယူဂိုးသမား အိုနာနာထက် ပိုမိုကောင်းမွန်သည်ဟု ဝိုင်းဝန်းချီးကျူးနေကြောင်း သိရပါတယ်။
ဂျရူးဟာ ဂျီနိုအာကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးဝင်ဖမ်းခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပွဲတွင် ထပ်ဆောင်းအချိန်ပို ၈ မိနစ်၌ ဂိုးသမားမိုက်ဂ်နန် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသလို လူစားလဲမှုမှာလည်း ငါးကြိမ်ပြည့်သွားခဲ့ပြီဖြစ်၍ အေစီမီလန်နည်းပြပီအိုလီသည် ဂျရူးကို ဂိုးဖမ်းရန် တာဝန်ပေးခဲ့ကာ ၎င်းကလည်း အံ့မခန်း ကာကွယ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ထို့ကြောင့်လည်း ပရိသတ်များမှာ ဂျရူးကို ဝိုင်းဝန်းချီးကျူးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့က “ဂျရူးဟာအိုနာနာထက်ပိုကောင်းတယ်”ဟု ချီးကျူးခဲ့ကြောင်း သိရပါတယ်။
စီးရီးအေကလည်း ဒီတစ်ပတ်အတွက် အကောင်းဆုံးကစားသမား (၁၁)​ ယောက်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဂျရူးကို ဂိုးသမားအဖြစ် ထည့်သွင်းပြီး ဒီတစ်ပတ်ရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ဖော်ပြခဲ့ပါတယ်။