အာရွအားကစားၿပိဳင္ပြဲ ပိတ္ပြဲအခမ္းအနားက်င္းပၿပီးစီး ျမန္မာအားကစားအဖြဲ႕ နိုင္ငံအလိုက္ဆုရရွိမႈ အဆင့္ ၂၇ ေနရာ၌ ရပ္တည္

ေအာက္တိုဘာ ၉

တ႐ုတ္နိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပသည့္ (၁၉) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲ ပိတ္ပြဲအခမ္းအနားကို ေအာက္တိုဘာ ၈ ရက္က ဟန္က်ိဳးၿမိဳ႕ရွိ Olympic Stadium ၌ က်င္းပ သည္။ ပိတ္ပြဲအခမ္းအနားတြင္ အာရွအားကစားၿပိဳင္ပြဲက်င္းပေရးအလံကို ၂၀၂၆ ခုႏွစ္ အိမ္ရွင္ ဂ်ပန္နိုင္ငံထံ လႊဲေျပာင္းေပးအပ္သည္။
အဆင့္ (၂၇) ေနရာ ရပ္တည္ (၁၉) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲကို စက္တင္ဘာ ၁၉ ရက္မွ ေအာက္တိုဘာ ၈ ရက္အထိ က်င္းပခဲ့ၿပီး နိုင္ငံေပါင္း ၄၀ ေက်ာ္မွ အားကစားသမားစုစုေပါင္း ၁၀၀၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။
ယင္းၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ျမန္မာအားကစားအဖြဲ႕အေနျဖင့္ ေရႊတံဆိပ္တစ္ခု၊ ေၾကးတံဆိပ္ႏွစ္ခုျဖင့္ နိုင္ငံအလိုက္ ဆုရရွိမႈတြင္ အဆင့္ (၂၇)ေနရာ၌ ရပ္တည္ခဲ့သည္။ အိမ္ရွင္တ႐ုတ္နိုင္ငံက ေရႊတံဆိပ္ ၂၀၁ ခု၊ ေငြတံဆိပ္ ၁၁၁ ခု၊ ေၾကးတံဆိပ္ ၇၁ ခုျဖင့္ နိုင္ငံအလိုက္ ပထမေနရာရပ္တည္ခဲ့ၿပီး ဂ်ပန္နိုင္ငံက ေရႊတံဆိပ္ ၅၂ ခု၊ ေငြတံဆိပ္ ၆၇ ခု၊ ေၾကးတံဆိပ္ ၆၉ ခုျဖင့္ ဒုတိယ၊ ေတာင္ကိုရီးယားနိုင္ငံက ေရႊတံဆိပ္ ၄၂ ခု၊ ေငြတံဆိပ္ ၅၉ ခု၊ ေၾကးတံဆိပ္ ၈၉ ခုျဖင့္ တတိယေနရာတြင္ ရပ္တည္ခဲ့သည္။
ျမန္မာအားကစားအဖြဲ႕သည္ ယခုၿပိဳင္ပြဲတြင္ အားကစားနည္း ခုနစ္မ်ိဳး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ျမန္မာပိုက္ေက်ာ္ျခင္းအသင္းက ေရႊတံဆိပ္တစ္ခု၊ ျမန္မာရိုးရာေလွအဖြဲ႕က ေၾကးတံဆိပ္ ႏွစ္ခု ရရွိခဲ့သည္။
က်န္အားကစားနည္းမ်ားျဖစ္သည့္ ေဘာ လုံး၊ ဝူရႉး၊ Esports၊ တိုက္ကြမ္ဒိုႏွင့္ ျမားပစ္အားကစားနည္းမ်ားမွာ ဆုတံဆိပ္ႏွင့္ လြဲေခ်ာ္ခဲ့သည္။ ျမန္မာအားက စားအဖြဲ႕အတြက္ ေရႊတံဆိပ္ဆုကို အမ်ိဳးသားေလးေယာက္တြဲ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ရယူနိုင္ခဲ့ၿပီး ေၾကးတံဆိပ္ဆုမ်ားကို ရိုးရာေလွ အမ်ိဳးသမီး မီတာ ၅၀၀ ၿပိဳင္ပြဲတြင္ တစ္ခုႏွင့္ ရိုးရာေလွ အမ်ိဳးသား မီတာ ၁၀၀၀၀ ၿပိဳင္ပြဲတြင္ တစ္ခု ရယူနိုင္ခဲ့ျခင္းျဖစ္သည္။

#PAN

=======================

အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပပြီးစီး မြန်မာအားကစားအဖွဲ့ နိုင်ငံအလိုက်ဆုရရှိမှု အဆင့် ၂၇ နေရာ၌ ရပ်တည်

အောက်တိုဘာ ၉

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ဟန်ကျိုးမြို့ရှိ Olympic Stadium ၌ ကျင်းပ သည်။ ပိတ်ပွဲအခမ်းအနားတွင် အာရှအားကစားပြိုင်ပွဲကျင်းပရေးအလံကို ၂၀၂၆ ခုနှစ် အိမ်ရှင် ဂျပန်နိုင်ငံထံ လွှဲပြောင်းပေးအပ်သည်။
အဆင့် (၂၇) နေရာ ရပ်တည် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်မှ အားကစားသမားစုစုပေါင်း ၁၀၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၂၇)နေရာ၌ ရပ်တည်ခဲ့သည်။ အိမ်ရှင်တရုတ်နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခု၊ ကြေးတံဆိပ် ၇၁ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရပ်တည်ခဲ့ပြီး ဂျပန်နိုင်ငံက ရွှေတံဆိပ် ၅၂ ခု၊ ငွေတံဆိပ် ၆၇ ခု၊ ကြေးတံဆိပ် ၆၉ ခုဖြင့် ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံက ရွှေတံဆိပ် ၄၂ ခု၊ ငွေတံဆိပ် ၅၉ ခု၊ ကြေးတံဆိပ် ၈၉ ခုဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် အားကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခု၊ မြန်မာရိုးရာလှေအဖွဲ့က ကြေးတံဆိပ် နှစ်ခု ရရှိခဲ့သည်။
ကျန်အားကစားနည်းများဖြစ်သည့် ဘော လုံး၊ ဝူရှူး၊ Esports၊ တိုက်ကွမ်ဒိုနှင့် မြားပစ်အားကစားနည်းများမှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ မြန်မာအားက စားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရယူနိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုများကို ရိုးရာလှေ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲတွင် တစ်ခုနှင့် ရိုးရာလှေ အမျိုးသား မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် တစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

#PAN