၂၀၃၀ ကမၻာ့ဖလားကို တိုက္ႀကီး ၃ ခုရွိ နိုင္ငံ ၆ နိုင္ငံ၌ က်င္းပမည္

လာမယ့္ ၂၀၃၀ ကမၻာ့ဖလားၿပိဳင္ပြဲႀကီးကို ဥေရာပက စပိန္ ေပၚတူဂီ နဲ႔ အာဖရိကက ေမာ္ရိုကိုတို႔အျပင္ အာဂ်င္တီးနား ဥ႐ုေဂြး ပါရာေဂြးတို႔ ေတာင္အေမရိက (၃)နိုင္ငံ အပါအဝင္ စုစုေပါင္း(၆)နိုင္ငံတို႔က ပူးတြဲအိမ္ရွင္အျဖစ္ စုေပါင္းၿပီး က်င္းပသြားမွာျဖစ္ေၾကာင္း FIFA ကေန ထုတ္ျပန္လာခဲ့ပါတယ္။
၂၀၃၀ ကမၻာ့ဖလားၿပိဳင္ပြဲ အဖြင့္ပြဲစဥ္ေတြကိုေတာ့ အာဂ်င္တီးနား ဥ႐ုေဂြး နဲ႔ ပါရာေဂြးတို႔တြင္ က်င္းပသြားမွာျဖစ္ၿပီး က်န္တဲ့ ပြဲစဥ္ေတြကိုေတာ့ စပိန္ ေပၚတူဂီ နဲ႔ ေမာ္ရိုကိုတို႔တြင္ ဆက္လက္ က်င္းပမွာ ျဖစ္ပါတယ္။
လာမယ့္ ၂၀၃၄ ကမၻာ့ဖလားၿပိဳင္ပြဲႀကီးကိုေတာ့ ေဆာ္ဒီအာေရဗ်နိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပခြင့္ ရရွိသြားပါတယ္။

==========================

၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ ခုရှိ နိုင်ငံ ၆ နိုင်ငံ၌ ကျင်းပမည်

လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဥရောပက စပိန် ပေါ်တူဂီ နဲ့ အာဖရိကက မော်ရိုကိုတို့အပြင် အာဂျင်တီးနား ဥရုဂွေး ပါရာဂွေးတို့ တောင်အမေရိက (၃)နိုင်ငံ အပါအဝင် စုစုပေါင်း(၆)နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် စုပေါင်းပြီး ကျင်းပသွားမှာဖြစ်ကြောင်း FIFA ကနေ ထုတ်ပြန်လာခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွေကိုတော့ အာဂျင်တီးနား ဥရုဂွေး နဲ့ ပါရာဂွေးတို့တွင် ကျင်းပသွားမှာဖြစ်ပြီး ကျန်တဲ့ ပွဲစဉ်တွေကိုတော့ စပိန် ပေါ်တူဂီ နဲ့ မော်ရိုကိုတို့တွင် ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတော့ ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိသွားပါတယ်။