ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ၊အလုပ္သမားေရးရာေကာ္မတီႏွင့္MYANMAR SANKOU သင္တန္းေက်ာင္းတို႔ပူးေပါင္း၍ သင္တန္းဖြင့္လွစ္

ရန္ကုန္ ေအာက္တိုဘာ၂ရက္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ အလုပ္သမားေရးရာေကာ္မတီတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္၊ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္သည္အသိပညာအတတ္ပညာကၽြမ္းက်င္ၾကသည့္လူငယ္ေမာင္မယ္မ်ားအားျပည္တြင္း/ျပည္ပအလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိေစေရးႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိရာ ယေန႔(၂.၁၀.၂၀၂၃)ရက္ေန႔နံနက္ ၁၀နာရီအခ်ိန္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီအလုပ္သမားေရးရာေကာ္မတီႏွင့္ MYANMAR SANKOU သင္တန္းတို႔ပူးေပါင္း၍သင္တန္းဖြင့္ပြဲအခမ္း အနားက်င္းပခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္အလုပ္သမားေရးရာေကာ္မတီတာဝန္ခံ၊ရန္ကုန္တိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႈးဦးေမာင္ျမင့္၊ ရန္ကုန္တိုင္း​ေဒသႀကီး၊မဂၤလာဒုံခရိုင္ပါတီဥကၠ႒ဦးမ်ိဳးမင္းနိုင္၊MYANMAR SANKOU သင္တန္းေက်ာင္းမွမစၥတာဆူတာႏွင့္တာဝန္ရွိပုဂၢိဳလ္မ်ား တက္ေရာက္ခဲ့ၾကပါသည္။
ပထမဦးစြာဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္က ဂ်ပန္နိုင္ငံသို႔သြားေရာက္၍ အလုပ္လုပ္ကိုင္ၾကမည့္ သင္တန္းသားမ်ားအားဆုံးမအမွာစကားေျပာၾကား ခဲ့ၿပီး သင္တန္း၌ ႀကိဳးႀကိဳးစားစားသင္ယူၾကရန္ႏွင့္ ဂ်ပန္နိုင္ငံ၌ ေငြရွာ႐ုံသက္သက္သာသြားေရာက္ျခင္း မဟုတ္ပဲ နည္းပညာႏွင့္အေတြ႕အၾကဳံေကာင္းမ်ားကိုပါသင္ယူ၍ ျမန္မာနိုင္ငံအတြက္ အားကိုးရေသာ နိုင္ငံသားေကာင္းမ်ားျဖစ္လာေအာင္ႀကိဳးစားၾကရန္မွာၾကားခဲ့ပါသည္။
MYANMAR. SANKOU ကုမၼဏီမွတာဝန္ ရွိပုဂၢိဳလ္မ်ားမွလည္း သင္တန္းတက္ေနစဥ္အတြင္း လိုက္နာရမည့္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ေဆာင္ရန္ေရွာင္ရန္မ်ားေျပာၾကားခဲ့ပါသည္။
ယခုလက္ရွိ သင္တန္းသား က်ား(၂၁ )ဦး၊မ(၃၂)ဦးစုစုေပါင္း(၅၃)ဦးျဖစ္ၿပီး အဆိုပါသင္တန္းသားမ်ားသည္ ၇.၈.၂၀၂၃ရက္ေန႔ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)ျပည္ခိုင္ၿဖိဳးပါတီ႐ုံးတြင္ Myanmar San Kouသင္တန္းေက်ာင္းမွ လာေရာက္ေရြးခ်ယ္ၿပီးေအာင္ျမင္သူမ်ားျဖစ္၍သင္တန္းကာလ (၁)ႏွစ္ အတြင္းဂ်ပန္နိုင္ငံသို႔သြားေရာက္အလုပ္လုပ္ရ မည္ျဖစ္ပါသည္။​
ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအလုပ္သမားေရးရာေကာ္မတီတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ဦးေမာင္ျမင့္ သည္လူငယ္မ်ားျပည္တြင္း/ျပည္ပအလုပ္အကိုင္ အခြင့္အလမ္းမ်ားပိုမိုရရွိနိုင္ေစေရးအတြက္ဆက္လက္၍လည္းေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္းသိရွိရပါသည္။

======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊အလုပ်သမားရေးရာကော်မတီနှင့်MYANMAR SANKOU သင်တန်းကျောင်းတို့ပူးပေါင်း၍ သင်တန်းဖွင့်လှစ်

ရန်ကုန် အောက်တိုဘာ၂ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်၊ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်သည်အသိပညာအတတ်ပညာကျွမ်းကျင်ကြသည့်လူငယ်မောင်မယ်များအားပြည်တွင်း/ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့(၂.၁၀.၂၀၂၃)ရက်နေ့နံနက် ၁၀နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအလုပ်သမားရေးရာကော်မတီနှင့် MYANMAR SANKOU သင်တန်းတို့ပူးပေါင်း၍သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အလုပ်သမားရေးရာကော်မတီတာဝန်ခံ၊ရန်ကုန်တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှုးဦးမောင်မြင့်၊ ရန်ကုန်တိုင်း​ဒေသကြီး၊မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ္ဌဦးမျိုးမင်းနိုင်၊MYANMAR SANKOU သင်တန်းကျောင်းမှမစ္စတာဆူတာနှင့်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်က ဂျပန်နိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကိုင်ကြမည့် သင်တန်းသားများအားဆုံးမအမှာစကားပြောကြား ခဲ့ပြီး သင်တန်း၌ ကြိုးကြိုးစားစားသင်ယူကြရန်နှင့် ဂျပန်နိုင်ငံ၌ ငွေရှာရုံသက်သက်သာသွားရောက်ခြင်း မဟုတ်ပဲ နည်းပညာနှင့်အတွေ့အကြုံကောင်းများကိုပါသင်ယူ၍ မြန်မာနိုင်ငံအတွက် အားကိုးရသော နိုင်ငံသားကောင်းများဖြစ်လာအောင်ကြိုးစားကြရန်မှာကြားခဲ့ပါသည်။
MYANMAR. SANKOU ကုမ္မဏီမှတာဝန် ရှိပုဂ္ဂိုလ်များမှလည်း သင်တန်းတက်နေစဥ်အတွင်း လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများနှင့်ဆောင်ရန်ရှောင်ရန်များပြောကြားခဲ့ပါသည်။
ယခုလက်ရှိ သင်တန်းသား ကျား(၂၁ )ဦး၊မ(၃၂)ဦးစုစုပေါင်း(၅၃)ဦးဖြစ်ပြီး အဆိုပါသင်တန်းသားများသည် ၇.၈.၂၀၂၃ရက်နေ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပြည်ခိုင်ဖြိုးပါတီရုံးတွင် Myanmar San Kouသင်တန်းကျောင်းမှ လာရောက်ရွေးချယ်ပြီးအောင်မြင်သူများဖြစ်၍သင်တန်းကာလ (၁)နှစ် အတွင်းဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ရ မည်ဖြစ်ပါသည်။​
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလုပ်သမားရေးရာကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဦးမောင်မြင့် သည်လူငယ်များပြည်တွင်း/ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိနိုင်စေရေးအတွက်ဆက်လက်၍လည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။