မေကြးတိုင္းေဒသႀကီး ေခ်ာက္ခရိုင္ပါတီ ႐ုံးတြင္ ပါတီဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြဆုံ
၂၀၂၃ စက္တင္ဘာ ၂၈
ပါတီဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး ႏွင့္ တိုင္းေဒသႀကီးပါတီဥကၠဌ၊ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္ေမာင္ေဌး၊ အတြင္းေရးမႉး ဦးဆန္းညြန္႔ေအာင္၊ ဘ႑ာေရးမႉး ဦးၾကည္ထြန္းတို႔ သည္ ယေန႔နံနက္ပိုင္းက ေခ်ာက္ခရိုင္သို႔ေရာက္ရွိၿပီး ေခ်ာက္ခရိုင္၊ ပခုကၠဴခရိုင္၊ ေခ်ာက္ၿမိဳ႕နယ္၊ ေရနံေခ်ာင္း၊ ပခုကၠဴ ေရစႀကိဳႏွင့္ဆိပ္ျဖဴ ၿမိဳ႕နယ္မ်ားမွ ပါတီဥကၠဌ အတြင္းေရးမႉး ဘ႑ာေရးမႉးႏွင့္ ပါတီေကာ္မတီဝင္မ်ား ႏွင့္ေတြ႕ဆုံခဲ့ၿပီး ပါတီ၏မူဝါဒလုပ္ငန္းစဥ္မ်ားအားရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ျပည့္မ႑ိဳင္လုပ္ငန္းစဥ္မ်ားအေကာင္ အထည္ေဖာ္ေဆာင္ေရး၊ လူငယ္ေရးရာ၊ အမ်ိဳးသမီးေရးရာ ကိစၥရပ္မ်ားႏွင့္ ပါတီဝင္စိစစ္ျခင္းလုပ္ငန္းမ်ား တိုးတက္ေဆာင္ရြက္နိုင္ေရး လမ္းညႊန္မွာၾကားခဲ့ပါသည္။ ၎ေနာက္ အၾကမ္းဖက္ေဘးတိမ္းေရွာင္၊ေနထိုင္ရသူမ်ားအား ေတြ႕ဆုံအားေပးၿပီး ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ပါသည္။
ခရိုင္ၿမိဳ႕နယ္ပါတီဥကၠဌမ်ားႏွင့္ ေရးရာတာဝန္ခံမ်ားက လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားတင္ျပခဲ့ၿပီး ပါတီဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးက တင္ျပခ်က္မ်ားအေပၚ ရွင္းလင္းေဆြးေႏြး၍ ေန႔လည္ (၁၂၀၀)တြင္ ေတြ႕ဆုံပြဲအခမ္းအနားၿပီးေျမာက္ခဲ့ပါသည္။
=============================
မကွေးတိုင်းဒေသကြီး ချောက်ခရိုင်ပါတီ ရုံးတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပါတီတာဝန်ရှိသူများနှင့်တွေဆုံ
၂၀၂၃ စက်တင်ဘာ ၂၈
ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် တိုင်းဒေသကြီးပါတီဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့ သည် ယနေ့နံနက်ပိုင်းက ချောက်ခရိုင်သို့ရောက်ရှိပြီး ချောက်ခရိုင်၊ ပခုက္ကူခရိုင်၊ ချောက်မြို့နယ်၊ ရေနံချောင်း၊ ပခုက္ကူ ရေစကြိုနှင့်ဆိပ်ဖြူ မြို့နယ်များမှ ပါတီဥက္ကဌ အတွင်းရေးမှူး ဘဏ္ဍာရေးမှူးနှင့် ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံခဲ့ပြီး ပါတီ၏မူဝါဒလုပ်ငန်းစဥ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်များအကောင် အထည်ဖော်ဆောင်ရေး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် အကြမ်းဖက်ဘေးတိမ်းရှောင်၊နေထိုင်ရသူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ခရိုင်မြို့နယ်ပါတီဥက္ကဌများနှင့် ရေးရာတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများတင်ပြခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေး၍ နေ့လည် (၁၂၀၀)တွင် တွေ့ဆုံပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။