ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္(ဗဟို) ၌ က်င္းပျပဳလုပ္သည့္ ႏွစ္(၃၀) ျပည့္ ပုလဲရတုအခမ္းအနား၌ ရန္ကုန္တိုင္းကိုယ္စားျပဳ ေဖ်ာ္ေျဖခဲ့ၾကတဲ့ သံခ်ပ္အဖြဲအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြေပးအပ္ပြဲ အခမ္းအနားက်င္းပျပဳလုပ္

ရန္ကုန္ စက္တင္ဘာ ၂၅
ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္(ဗဟို) ၌ ၁၅.၉.၂၀၂၃ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ႏွစ္(၃၀) ျပည့္ ပုလဲရတုအခမ္းအနား၌ ေဖ်ာ္ေျဖခဲ့ၾကတဲ့ ရန္ကုန္တိုင္းကိုယ္စားျပဳ သံခ်ပ္အဖြဲအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြေပးအပ္ပြဲ အခမ္းအနားအား ယေန႔ မြန္းတည့္ ၁၂ နာရီအခ်ိန္က ရန္ကုန္တိုင္းပါတီ႐ုံး၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားတြင္ ျပည္ခိုင္ၿဖိဳးပါတီ တိုင္းပါတီဥကၠဌ ဦးခင္ေမာင္စိုးက ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ထင္မထားရေလာက္ေအာင္ ေကာင္းမြန္စြာေဖ်ာ္ေျဖနိုင္ခဲ့သည့္အတြက္ အထူးပင္၀မ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ရန္ကုန္တိုင္း ဂုဏ္ေဆာင္နိုင္ခဲ့သည့္အတြက္လည္း ေက်းဇူးတင္ရွိပါေၾကာင္း၊ ဆက္လက္၍လည္း သူ႔ေခတ္နဲ႔သူလုပ္ေဆာင္ခဲ့တဲ့ သံခ်ပ္မ်ားအား ေလ့လာၾကေစလိုေၾကာင္းႏွင့္ ပါတီအတြက္အက်ိဳးရွိေအာင္ ေဆာင္ရြက္ၾကေစလိုေၾကာင္း စသည္ျဖင့္ ေျပာၾကားခဲ့ပါသည္။ ထိုေနာက္ ရန္ကုန္တိုင္း ကိုယ္စားျပဳ သံခ်ပ္အဖြဲ၀င္မ်ားအား တိုင္းဥကၠဌမွ တစ္ဦးခ်င္း ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။
အခမ္းအနားသို ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ ရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီဥကၠဌဦးခင္ေမာင္စိုးႏွင့္ တိုင္းေကာ္မတီဝင္မ်ား ရန္ကုန္တိုင္းကိုယ္စားျပဳ သံခ်ပ္အဖြဲသူ/သားမ်ား တက္ေရာက္ခဲ့ၾကၿပီး ေန႔လည္စာျဖင့္ ဧည့္ခံေကၽြးေမြးခဲ့ေၾကာင္း သိရသည္။

=======================

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ဗဟို) ၌ ကျင်းပပြုလုပ်သည့် နှစ်(၃၀) ပြည့် ပုလဲရတုအခမ်းအနား၌ ရန်ကုန်တိုင်းကိုယ်စားပြု ဖျော်ဖြေခဲ့ကြတဲ့ သံချပ်အဖွဲအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန် စက်တင်ဘာ ၂၅
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ဗဟို) ၌ ၁၅.၉.၂၀၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နှစ်(၃၀) ပြည့် ပုလဲရတုအခမ်းအနား၌ ဖျော်ဖြေခဲ့ကြတဲ့ ရန်ကုန်တိုင်းကိုယ်စားပြု သံချပ်အဖွဲအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားအား ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်တိုင်းပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထင်မထားရလောက်အောင် ကောင်းမွန်စွာဖျော်ဖြေနိုင်ခဲ့သည့်အတွက် အထူးပင်၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ရန်ကုန်တိုင်း ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း သူ့ခေတ်နဲ့သူလုပ်ဆောင်ခဲ့တဲ့ သံချပ်များအား လေ့လာကြစေလိုကြောင်းနှင့် ပါတီအတွက်အကျိုးရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထိုနောက် ရန်ကုန်တိုင်း ကိုယ်စားပြု သံချပ်အဖွဲ၀င်များအား တိုင်းဥက္ကဌမှ တစ်ဦးချင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ ရန်ကုန်တိုင်းကိုယ်စားပြု သံချပ်အဖွဲသူ/သားများ တက်ရောက်ခဲ့ကြပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။