
ဖျာပုံ စက်တင်ဘာ ၂၃

==========================

စာသင်ကျောင်းနှင့်ကျေးလက်ဆေးပေးခန်းအား အမှိက်ခြုံနွယ်များရှင်းလင်း

ဖျာပုံ စက်တင်ဘာ ၂၃
(၂၃.၉.၂၀၂၃)ရက်နေ့၊မနက်(၀၇၀၀)နာရီအချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ထော်ပိုင်ကျေးရွာအုပ်စု၊ထော်ပိုင်ကျေးရွာရှိအလယ်တန်းကျောင်းနှင့်ကျေးလက်ဆေးပေးခန်းပလဝန်းရှိအမှိက်များ၊ခြုံနွယ်များနှင့်မြက်ပင်များအားထော်ပိုင်ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသောင်းအေးခေါင်းဆောင်ပြီးပါတီဝင်အမာခံလူငယ်၊အမျိုးသမီးအင်အား(၂၀)ဦး၊ကျေးရွာပြည်သူ(၃၇)ဦး၊ပေါင်း(၅၇)ဦးဖြင့်စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ပါသည်။