ဆားပြင့္တစ္ပြင့္စာစာပဲ ရွိတဲ့ ကမၻာ့အေသးဆုံးကင္မရာ
စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်တဲ့ ကင္မရာေတြထဲမွာေတာ့ Omnivision ကုမၸဏီက ထုတ္လုပ္တဲ့ OVM6948 CameraCubeChip က ကမၻာ့အေသးဆုံးကင္မရာအျဖစ္ စံခ်ိန္တင္ထားပါတယ္။ အလ်ား ဝ.၆၅ မီလီမီတာ၊ အနံ ဝ.၆၅ မီလီမီတာ၊ အျမင့္ ၁.၁၅၈ မီလီမီတာပဲ ရွိပါတယ္။
ကင္မရာ အရြယ္အစား ေသးငယ္လြန္းေပမဲ့ 200 x 200 (သို႔မဟုတ္) 40 KPixel ရွိတဲ့ ဓာတ္ပုံေတြ ရိုက္ကူးေပးနိုင္ပါတယ္။ အာ႐ုံေၾကာ၊ အျမင္အာ႐ုံ၊ ႏွလုံး၊ ေက်ာရိုးမ၊ ဆီးလမ္းေၾကာင္း၊ ေမြးလမ္းေၾကာင္း၊ အဆစ္အျမစ္ ေရာဂါေတြ ကုသဖို႔အတြက္ ခႏၶာကိုယ္ရဲ့ အေသးငယ္ဆုံး ေသြးေၾကာေတြထဲကို ထည့္သြင္းနိုင္တဲ့ အရြယ္အစားရွိပါတယ္။ ၁၂၀ ဒီဂရီျမင္ကြင္းရွိၿပီး focus range က ၃ မီလီမီတာကေန ၃၀ မီလီမီတာ ရွိပါတယ္။ တစ္စကၠန႔္ကို ဖရိမ္ ၃၀ ႏႈန္း ဗီဒီယိုရိုက္ကူးနိုင္ပါတယ္။
OVM6948 CameraCubeChip ကင္မရာဟာ ကမၻာ့အေသးငယ္ဆုံး ႐ုပ္ပုံဆင္ဆာျဖစ္တဲ့ OVM6948 sensor ကို အေျခခံၿပီး ကင္မရာဖန္တီးထားတာပါ။
Ref: The World’s Smallest Commercially Available Camera Is the Size of a Grain of Salt
crd;yoyarlay
============================
ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ
စီးပွားဖြစ် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေထဲမှာတော့ Omnivision ကုမ္ပဏီက ထုတ်လုပ်တဲ့ OVM6948 CameraCubeChip က ကမ္ဘာ့အသေးဆုံးကင်မရာအဖြစ် စံချိန်တင်ထားပါတယ်။ အလျား ဝ.၆၅ မီလီမီတာ၊ အနံ ဝ.၆၅ မီလီမီတာ၊ အမြင့် ၁.၁၅၈ မီလီမီတာပဲ ရှိပါတယ်။
ကင်မရာ အရွယ်အစား သေးငယ်လွန်းပေမဲ့ 200 x 200 (သို့မဟုတ်) 40 KPixel ရှိတဲ့ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အာရုံကြော၊ အမြင်အာရုံ၊ နှလုံး၊ ကျောရိုးမ၊ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း၊ အဆစ်အမြစ် ရောဂါတွေ ကုသဖို့အတွက် ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး သွေးကြောတွေထဲကို ထည့်သွင်းနိုင်တဲ့ အရွယ်အစားရှိပါတယ်။ ၁၂၀ ဒီဂရီမြင်ကွင်းရှိပြီး focus range က ၃ မီလီမီတာကနေ ၃၀ မီလီမီတာ ရှိပါတယ်။ တစ်စက္ကန့်ကို ဖရိမ် ၃၀ နှုန်း ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။
OVM6948 CameraCubeChip ကင်မရာဟာ ကမ္ဘာ့အသေးငယ်ဆုံး ရုပ်ပုံဆင်ဆာဖြစ်တဲ့ OVM6948 sensor ကို အခြေခံပြီး ကင်မရာဖန်တီးထားတာပါ။
Ref: The World’s Smallest Commercially Available Camera Is the Size of a Grain of Salt
crd;yoyarlay