ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္တြင္ ေမွာ္ဘီ စႏၵကူးၿမိဳင္ ရိပ္သာဆရာေတာ္ အရွင္ပညာဝံသ၏ ဓမၼသဘင္ က်င္းပ
စက္တင္ဘာ ၁၀၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမ၌ ဆင္ယင္က်င္းပေသာ ေမွာ္ဘီ စႏၵကူးၿမိဳင္ ရိပ္သာဆရာေတာ္ အရွင္ပညာဝံသ၏ ဓမၼသဘင္အခမ္းအနားကို ၈-၉-၂၀၂၃ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ နေမာတႆ ၃ ႀကိမ္ရြတ္ဆို ဖြင့္လွစ္ခဲ့ၿပီး တရားနာလာေရာက္ၾကသည့္ ဓမၼသူေတာ္စင္မ်ားမွ ဩကာသကန္ေတာ့က်ိဳးျဖင့္ ညီညာျဖျဖကန္ေတာ့ကာ စႏၵကူးၿမိဳင္ ရိပ္သာဆရာေတာ္ထံမွ ပရိတ္တရားေတာ္မ်ား နာၾကားၾကပါသည္။
၎ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင္ဖြံ့ၿဖိဳးေရးပါတီမွ လႉဒါန္းသည့္ အလႉေငြမ်ား၊ ဓမၼပူဇာေကာက္ခံရရွိသည့္ အလႉေငြမ်ားႏွင့္ ဝါဆိုသကၤန္းတို႔အား ပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တို႔မွ ဆပ္ကပ္လႉဒါန္းခဲ့ၿပီး လႉဒါန္းမႈအစုစုတို႔အတြက္ စႏၵကူးၿမိဳင္ ရိပ္သာဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာၾကားကာ ေရစက္သြန္းခ် ကုသိုလ္အမၽွေပးေဝခဲ့ၾကပါသည္။
ထိုေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမ၌ ဆင္ယင္က်င္းပေသာ ေမွာ္ဘီ စႏၵကူးၿမိဳင္ ရိပ္သာဆရာေတာ္ အရွင္ပညာဝံသ၏ ဓမၼသဘင္အခမ္းအနားကို နံနက္ ၁၁ နာရီအခ်ိန္တြင္ “ဗုဒၶသာသနံစိရံတိဌတု” ၃ ႀကိမ္ရြတ္ဆို၍ အခမ္းအနား႐ုတ္သိမ္းၿပီး ဆရာေတာ္ႀကီးအား ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိပါသည္။
=================================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် မှော်ဘီ စန္ဒကူးမြိုင် ရိပ်သာဆရာတော် အရှင်ပညာဝံသ၏ ဓမ္မသဘင် ကျင်းပ
စက်တင်ဘာ ၁၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ဆင်ယင်ကျင်းပသော မှော်ဘီ စန္ဒကူးမြိုင် ရိပ်သာဆရာတော် အရှင်ပညာဝံသ၏ ဓမ္မသဘင်အခမ်းအနားကို ၈-၉-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နမောတဿ ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး တရားနာလာရောက်ကြသည့် ဓမ္မသူတော်စင်များမှ ဩကာသကန်တော့ကျိုးဖြင့် ညီညာဖြဖြကန်တော့ကာ စန္ဒကူးမြိုင် ရိပ်သာဆရာတော်ထံမှ ပရိတ်တရားတော်များ နာကြားကြပါသည်။
၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် အလှူငွေများ၊ ဓမ္မပူဇာကောက်ခံရရှိသည့် အလှူငွေများနှင့် ဝါဆိုသင်္ကန်းတို့အား ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တို့မှ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် စန္ဒကူးမြိုင် ရိပ်သာဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချ ကုသိုလ်အမျှပေးဝေခဲ့ကြပါသည်။
ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ဆင်ယင်ကျင်းပသော မှော်ဘီ စန္ဒကူးမြိုင် ရိပ်သာဆရာတော် အရှင်ပညာဝံသ၏ ဓမ္မသဘင်အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် “ဗုဒ္ဓသာသနံစိရံတိဌတု” ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းပြီး ဆရာတော်ကြီးအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ေကြာင်း သတင်းရရှိပါသည်။