
 

ရန်ကုန် စက်တင်ဘာ ၆

===============================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင်များနှင့် ဗိုလ်တထောင်ခရိုင် ခရိုင်/မြို့နယ် ကော်မတီဝင်များအားတွေ့ဆုံ

ရန်ကုန် စက်တင်ဘာ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ရန်ကုန်တိုင်းဒေသကြီးကော်မတီဝင်များနှင့် ဗိုလ်တထောင်ခရိုင် ခရိုင်/မြို့နယ် ကော်မတီဝင်များအား
စက်တင်ဘာ (၆)ရက်နေ့ နံနက်(၉)နာရီတွင်
ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်/ရပ်ကျေးများ အောက်ခြေအဆင့်ဆင့်ထိ ဖွဲ့စည်းပုံ ကျစ်လစ်ခိုင်မာရေးနှင့် မှန်ကန်မှုရှိစေရေး၊ ပြည့်မဏ္ဍိုင်လှုပ်ရှားဆောင်ရွက်မှုကိစ္စရပ်များ၊ ရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စဥ်ဆက်မပြတ်တန်းတူဆက်ဆံရေးကို အလေးထားဆောင်ရွက်ကြရန်၊ အထူးသဖြင့် လုံခြုံရေးသတိရှိကြဖို့ အထူးဂရုပြုကြရန်လိုကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
အစီအစဥ်အရ ဗိုလ်တထောင်ခရိုင်ဥက္ကဋ္ဌ
ဦးဥာဏ်ဝင်းထိုက်မှ ခရိုင်/မြို့နယ် ဖွဲ့စည်းထားရှိမှုတို့အား Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌများမှ မြို့နယ်အလိုက်အခြေအနေများအားအသီးသီးတင်ပြခဲ့ကြပြီးတိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌမှ ခရိုင်အတွင်းရှိ မြို့နယ်များမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ တွေ့ဆုံပွဲရပ်နားခဲ့ပါသည်။