ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ပဲခူးတိုင္းေဒသႀကီး(အေရွ႕)မွ တိုင္းေဒသႀကီး/ခရိုင္/ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ား ႏွင့္ေတြ႕ဆုံ

စက္တင္ဘာ ၄၊ ပဲခူး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၄ ရက္ေန႔၊ နံနက္ (၀၉:၃၀) နာရီအခ်ိန္တြင္ ပဲခူးၿမိဳ႕နယ္ပါတီ႐ုံးခန္းမ၌ က်င္းပျပဳလုပ္သည့္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕) တိုင္းေဒသႀကီး/ ခရိုင္/ ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူ (၁၅၀)ဦးႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ပါတီ ဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးရဲျမင့္ထြန္း တို႔ႏွင့္အတူ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲကို ပါတီဥကၠ႒အပါအဝင္ တက္ေရာက္လာသူအားလုံးက နိုင္ငံေတာ္အလံအေလးျပဳၿပီး နိုင္ငံေတာ္သီခ်င္းသီဆို၍ အခမ္းအနားကို ဖြင့္လွစ္ခဲ့ၾကပါသည္။ ထိုေနာက္ ပါတီဥကၠ႒က အမွာစကား ေျပာၾကားရာ ” ပါတီ၏ သမိုင္းေၾကာင္း၊ ေရတို/ေရရွည္လုပ္ငန္းမ်ား၊ က႑ႀကီး(၈)ရပ္အပါအဝင္ ထိေတြ႕ေဆာင္ရြက္ရမည့္က႑မ်ား၊ ကာလပိုင္းျခားလုပ္ေဆာင္သည့္ ရက္(၉၀)စီမံခ်က္၊ ပါတီဝင္အင္အားစာရင္းမ်ားအား စနစ္တက်ထားရွိေရး၊ Project Circle Management ကို ကၽြမ္းက်င္စြာေဆာင္ရြက္နိုင္ေရး ” စသည့္ ကိစၥရပ္မ်ားအား မွာၾကားခဲ့ၿပီး အခမ္းအနားကို ေန႔လည္ (၁၂:၁၀)နာရီအခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ၾကပါသည္။

======================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများ နှင့်တွေ့ဆုံ

စက်တင်ဘာ ၄၊ ပဲခူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပဲခူးမြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များမှ ပါတီတာဝန်ရှိသူ (၁၅၀)ဦးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးရဲမြင့်ထွန်း တို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲကို ပါတီဥက္ကဋ္ဌအပါအဝင် တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌက အမှာစကား ပြောကြားရာ ” ပါတီ၏ သမိုင်းကြောင်း၊ ရေတို/ရေရှည်လုပ်ငန်းများ၊ ကဏ္ဍကြီး(၈)ရပ်အပါအဝင် ထိတွေ့ဆောင်ရွက်ရမည့်ကဏ္ဍများ၊ ကာလပိုင်းခြားလုပ်ဆောင်သည့် ရက်(၉၀)စီမံချက်၊ ပါတီဝင်အင်အားစာရင်းများအား စနစ်တကျထားရှိရေး၊ Project Circle Management ကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး ” စသည့် ကိစ္စရပ်များအား မှာကြားခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂:၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။