ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဩဂုတ္ ၁၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ျပည္နယ္ပါတီ႐ုံးခန္းမ၌ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြ အတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ေကာ္မတီဝင္မ်ားေတြ႕ဆုံပြဲျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီအေထြေထြအတြင္းေရးမႉးမွ တက္ေရာက္လာသူမ်ားအား ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားၿပီး ပါတီဝင္အင္အားစိစစ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ျပည့္မ႑ိဳင္လႈပ္ရွားမႈေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ ပါတီေရွ႕ဆက္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား အေသးစိတ္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ တက္ေရာက္လာၾကသည့္ ျပည္နယ္၊ခရိုင္၊ၿမိဳ႕နယ္မ်ားမွ တင္ျပေဆြးေႏြးခဲ့ၾကရာ ပါတီအေထြေထြ အတြင္းေရးမႉးမွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ ေတြ႕ဆုံပြဲအား (၁၂:၃၀)နာရီတြင္ ႐ုတ္သိမ္းခဲ့ပါသည္။
ယေန႔ေတြ႕ဆုံပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ၊ ပါတီဗဟိုအလုပ္အမႈေဆာင္ ျပည္နယ္ပါတီဥကၠဌ ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္ပါတီ ေခတၱအတြင္းေရးမႉး ဦးစိန္ေလးေမာင္ႏွင့္ ျပည္နယ္ ပါတီေကာ္မတီဝင္မ်ား ၊ ေတာင္ႀကီးခရိုင္၊ ကေလာခရိုင္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔မွ ဥကၠဌ ၊ အတြင္းေရးမႉး၊ေကာ္မတီဝင္မ်ား၊ အဆိုပါ ခရိုင္မ်ားအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ဥကၠဌ၊အတြင္းေရးမႉး၊ လူငယ္တာဝန္ခံ၊ အမ်ိဳးသမီးတာဝန္ခံမ်ား စုစုေပါင္း ( ၅၀ ) ဦး တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါသည္။

===================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

​တောင်ကြီး   ဩဂုတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်နယ်ပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်ကော်မတီဝင်များတွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူးမှ တက်ရောက်လာသူများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပါတီဝင်အင်အားစိစစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည့်မဏ္ဍိုင်လှုပ်ရှားမှုဆောင်ရွက်ရေးကိစ္စရပ်များ၊ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသည့် ပြည်နယ်၊ခရိုင်၊မြို့နယ်များမှ တင်ပြဆွေးနွေးခဲ့ကြရာ ပါတီအထွေထွေ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တွေ့ဆုံပွဲအား (၁၂:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

ယနေ့တွေ့ဆုံပွဲသို့  ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ၊ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ပါတီ ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်နှင့် ပြည်နယ် ပါတီကော်မတီဝင်များ ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဥက္ကဌ ၊ အတွင်းရေးမှူး၊ကော်မတီဝင်များ၊ အဆိုပါ ခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊အတွင်းရေးမှူး၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးတာဝန်ခံများ  စုစုပေါင်း ( ၅၀ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။