ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီး တိုင္း/ခရိုင္/ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ၾသဂုတ္ ၁၂၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၁-၈-၂၀၂၃ ရက္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္) ၌ က်င္းပျပဳလုပ္သည့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ခရိုင္/ၿမိဳ႕နယ္မ်ားမွ ပါတီဥကၠ႒မ်ား၊ လူငယ္ေရးရာ/အမ်ိဳးသမီးေရးရာ တာဝန္ခံမ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။ အခမ္းအနားသို႔ရန္ကုန္တိုင္းေဒသႀကီးမွ ဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊
တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ခရိုင္/ၿမိဳ႕နယ္မ်ားမွ ပါတီဥကၠ႒မ်ား၊ လူငယ္ေရးရာ/အမ်ိဳးသမီးေရးရာ တာဝန္ခံမ်ား တက္ေရာက္သူအင္အား (၁၈၀)ခန္႔တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို နိုင္ငံေတာ္အလံအေလးျပဳ၍ နိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ အဖြင့္အမွာစကားေျပာၾကားရာတြင္
” ပါတီမွ ေဆာင္ရြက္ေနသည့္ ေရရွည္၊ ေရတို ရည္မွန္းခ်က္လုပ္ငန္းမ်ား၊ နိုင္ငံေရး လႈပ္ရွားမႈမ်ား၊ အေထာက္အကူျပဳလုပ္ငန္းမ်ား၊ ရက္(၉၀) ကာလပိုင္းျခားသတ္မွတ္ၿပီး ေဆာင္ရြက္ေနသည့္ အစီအမံမ်ား၊ ျပည့္မ႑ိဳင္လုပ္ငန္းစဥ္ စီမံခ်က္မ်ားႏွင့္ Project Cycle Management ဘာသာရပ္ ” တို႔အား ေသခ်ာစြာ ဆက္စပ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးတို႔ကို ရွင္းလင္းမွာၾကားပါသည္။
ထို႔ေနာက္ တက္ေရာက္လာသူမ်ားက သိရွိလိုေသာ အခ်က္မ်ားႏွင့္ ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားအား သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ တင္ျပေဆြးေႏြးၾကရာ ပါတီဥကၠ႒မွ ျပန္လည္ျဖည့္စြက္ရွင္းလင္းၿပီး နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားကာ အခမ္းအနားကို ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။

===============================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ  ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

သြဂုတ် ၁၂၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၁-၈-၂၀၂၃ ရက်နေ့  နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်) ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာ/အမျိုးသမီးရေးရာ တာဝန်ခံများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးမှ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊

တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာ/အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်သူအင်အား (၁၈၀)ခန့်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာတွင်

” ပါတီမှ ဆောင်ရွက်နေသည့် ရေရှည်၊ ရေတို ရည်မှန်းချက်လုပ်ငန်းများ၊ နိုင်ငံရေး လှုပ်ရှားမှုများ၊ အထောက်အကူပြုလုပ်ငန်းများ၊ ရက်(၉၀) ကာလပိုင်းခြားသတ်မှတ်ပြီး ဆောင်ရွက်နေသည့် အစီအမံများ၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ် စီမံချက်များနှင့် Project Cycle Management ဘာသာရပ်  ” တို့အား သေချာစွာ ဆက်စပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းမှာကြားပါသည်။

ထို့နောက် တက်ရောက်လာသူများက  သိရှိလိုသော အချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာနယ်မြေများအလိုက် တင်ပြဆွေးနွေးကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြည့်စွက်ရှင်းလင်းပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။